တာချီလိတ်တွင် ဌာနအတွက် လွယ်စတုံငါးကန်မြေနေရာမှ ကျူးကျော်များကို ရှင်းလင်း

တာချီလိတ်တွင် ဌာနအတွက် လွယ်စတုံငါးကန်မြေနေရာမှ ကျူးကျော်များကို ရှင်းလင်း
ဇန်နဝါရီ 22, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်တွင် ဌာနအတွက် လွယ်စတုံငါးကန်မြေနေရာမှ ကျူးကျော်များကို ရှင်းလင်း

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်းဖြစ်တဲ့ လွယ်စတုံငါးကန်မြေနေရာမှာ ကျူးကျော်နေထိုင်သူတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၂၂) ရက်နေ့ နံနက်ပိုင်းက  ဖယ်ရှားရှင်းလင်းမှုတွေ စတင်လုပ်ဆောင်နေပြီး ဒါကပထမဆုံးအနေနဲ့ ခရိုင်ကျေးလက်လမ်းမြေနေရာပေါ်မှာ ခြံစည်းရိုးကာရံထားတဲ့အတွက် ဖယ်ရှားတာဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

လက်ရှိ အကျယ်အဝန်း (၃၇.၃၇) ဧကပေါ်မှာ ကျူးကျော်နေထိုင်သူတွေကို တရားစွဲဆိုပြီး အနိုင်ရရှိတဲ့အတွက် ဖယ်ရှားပေးပို့ အကြောင်းကြားစာတွေပေးပို့ထားတယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမြေနေရာမှ ဆက်သွယ်ရေးနဲ့ ခရိုင်ကျေးလက်လမ်းဦးစီးဌာကို မြေနေရာချထားပေးပြီး အခြားမြေမရှိသေးတဲ့ဌာနတွေကိုလည်း မြေနေရာချထားပေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

လွယ်စတုံငါးကန်မြေနေရာမှာ ကျူးကျော်ထားမှုကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ကျေးလက်လမ်းဦးစီးဌာန၊ ကြေးတိုင်နဲ့ မြေစာရင်းဌာန၊ တာချီလိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီနဲ့ သက်ဆိုင်ရာရပ်ကွက်ရုံးမှ ပြည်သူ့စစ်များနဲ့ တာဝန်ရှိသူများ ဆန်ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ကာရံထားတဲ့ခြံစည်းရိုးတွေကို ဖယ်ရှားပြီး မြေနေရာတိုင်းတာမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~