မိုင်းယောင်းမြို့ ဟွေထမ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

မိုင်းယောင်းမြို့ ဟွေထမ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
ဒီဇင်ဘာ 8, 2019
By Tachileik News Agency

မြန်မာနိုင်ငံ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် မိုင်းယောင်းမြို့နယ်၊ ဟွေထမ်ကျေးရွာရှိ မူးယစ်သတင်းရ နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လယ် (၁)နာရီခွဲတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၅၁၅) ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဟွေထမ်ကျေးရွာရှိ ဒေါ်အီထောင်၏ နေအိမ်ကို မူးယစ်တပ်ဖွဲ့ စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းယောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် ဒေါ်အီထောင်ကို တွေ့ရပြီး ၎င်း၏ ချည်လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀၀)ပြား၊ ရေခဲပုံး၏ အဖုံးအတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြား (၄၁၅)ပြားတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၈)နှစ်အရွယ် အီထောင်ကို မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - စိုင်းယောင်းခမ်း
ဓာတ်ပုံ- ရဲတပ်ဖွဲ့




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~