တာချီလိတ်မြို့တွင် "စစ်အာဏာရှင်စနစ်မုချကျဆုံးပါစေ" စာသားပါဝင်သည့် စာရွက်များ ရပ်ကွက်များတွင် လိုက်လံကပ်ထား

တာချီလိတ်မြို့တွင် "စစ်အာဏာရှင်စနစ်မုချကျဆုံးပါစေ" စာသားပါဝင်သည့် စာရွက်များ ရပ်ကွက်များတွင် လိုက်လံကပ်ထား
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရပ်ကွက်များအတွင်းရှိ လမ်းများတွင် စစ်အာဏာရှင်စနစ် မုချကျဆုံးပါစေ စာသားပါ စာရွက်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လယ်ပိုင်းတွင် လိုက်လံကပ်ထားသည်ကို တွေ့ရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် တစ်နိုင်ငံလုံးမှ  အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း တုန့်ပြန်နေကြခြင်းဖြစ်သည်။



စစ်အာဏာရှင်စနစ်ကို လက်မခံသည့် တာချီလိတ်ရှိ နိုင်ငံ့ဝန်ထမ်းများက Civil Disobedience Campaign၊ ဖဲကြိုးနီလှုပ်ရှားမှု၊ ပြည်သူများက နေအိမ်များမှ သံပုံးတီး၍ နှင်ထုတ်ခြင်း၊ လမ်းများတွင် သွားလာနေသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များက ဟွန်းများတီး၍ ဆန့်ကျင်ခြင်း၊ မီးပုံးများလွှတ်တင်ခြင်းတို့ကို ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

 

Tachileik News Agency