တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ် စောင့်လူကြည့်လူနာ တရုတ်နိုင်ငံသား၏ မတ်လ(၁၇)ရက်နေ့အထိ အခြေအနေ ကောင်းမွန်နေ

တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ် စောင့်လူကြည့်လူနာ တရုတ်နိုင်ငံသား၏ မတ်လ(၁၇)ရက်နေ့အထိ အခြေအနေ ကောင်းမွန်နေ
မတ် 17, 2020
By Tachileik News Agency
တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ် စောင့်လူကြည့်လူနာ တရုတ်နိုင်ငံသား၏ မတ်လ(၁၇)ရက်နေ့အထိ အခြေအနေ ကောင်းမွန်နေ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၂) ဦးမှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် အခြေအနေကောင်းမွန်နေကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားလိုက်သည်။

အခြေအနေကောင်းနေပါတယ်။ ကိုယ်အပူချိန်က (၃၆)ဒီကရီစင်တီဂရိတ် ကျော်ကျော်လေးတွေပဲရှိတယ်။ သွေးပေါင်ချိန်လည်း ကောင်းတယ်။ ချောင်းဆိုး၊ နှာစေးလည်း မရှိဘူး။ အခြေအနေအားလုံးကောင်းပါတယ်ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၇)ရက်နေ့တွင် ပြောခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်နေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူတိုင်းကို (၁၄) ရက်သီးသန့်စောင့်ကြည့်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့က စတင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ကိုရိုနာရောဂါလက္ခဏာများဟု သံသယဖြစ်ဖွယ်တွေ့ရှိ၍ ဓါတ်ခွဲစစ်ဆေးခြင်းအပါအဝင် ကုသခြင်းကို အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါသံသယလက္ခဏာတွေ့ရှိသူများ၊ ရောဂါဖြစ်ပွားမှုမြင့်သည့်ဒေသများမှ လာရောက်ပြီး နေအိမ်တွင် သီးခြားနေထိုင်ရန် ပျက်ကွက်သူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့တွင် နိုင်ငံပေါင်း (၁၅၉)နိုင်ငံသို့ ပျံ့နှံ့ကူးစက်နေပြီဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~