သင်သိပါသလား…. COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရ အမိန့် ရှိနေသေးတယ်ဆိုတာ..

သင်သိပါသလား…. COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရ အမိန့် ရှိနေသေးတယ်ဆိုတာ..
ဖေဖော်ဝါရီ 5, 2021 | Covid-19

 

 

သင်သိပါသလား….

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရ အမိန့် ရှိနေသေးတယ်ဆိုတာ..

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဟန့်တားမှုအဖြစ် ထုတ်ပြန်ထားတဲ့ နေ့စဉ် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄) နာရီအထိ ညမထွက်ရအမိန့်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာထားတာ သက်ဝင်နေဆဲဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကို ချိုးဖေါက်မှုနဲ့ ထောင်ဒဏ် ချမှတ်နိုင်တာဖြစ်လို့ သတိထားဖို့ လိုနေဆဲပါ။

COVID 19 က (၆) ပေအတွင်း (၁၅) မိနစ်ခန့်နှင့်အထက် အတူရှိနေပါက ကူးစက်နိုင်ချေရှိတဲ့အတွက် လူစုလူဝေးမလုပ်ကြဖို့၊ တတ်နိုင်သမျှ အပြင်မထွက်ခြင်းဖြင့် ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတာဖြစ်တဲ့အတွက်  မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း၊ လူစုလူဝေးဖြစ်ခြင်းကို တားမြစ်ရန် ရည်ရွယ်ပြီး ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှ လွဲ၍ ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိပါဘူးလို့ ထုတ်ပြန်ထားပါတယ်။