တာချီလိတ်တွင် COVID-19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ စောင့်ကြည့်လူနာ (၁၄)ဦးအထိ ရှိလာ

တာချီလိတ်တွင် COVID-19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ စောင့်ကြည့်လူနာ (၁၄)ဦးအထိ ရှိလာ
မတ် 25, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID-19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ စောင့်ကြည့်လူနာ (၁၄)ဦးအထိ ရှိလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် COVID-19 စောင့်ကြည့်လူနာ(၂)ဦး ၂၀၂၀ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့၌ ထပ်တိုးလာသဖြင့် စောင့်ကြည့်လူနာ(၁၄)ဦးရှိလာပြီး (၁၄)ရက် သီးခြားစောင့်ကြည့်သူ (၈၀)ဦး ရှိနေသည်။

လက်ရှိမှာတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်တာ (၂)ယောက်ထပ်တိုးလာတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူ (၁)ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူများဖြင့် ထိတွေ့သူ (၁)ဦးတို့တွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းစသည့် ကိုရိုနာဗိုင်းရပ်စ်သံသယလက္ခဏာများ တွေ့ရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

စောင့်ကြည့်လူနာ (၂)ဦးအနက် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁)ဦးမှာ မတ်လ (၁၈)ရက်နေ့ကတည်းက နှာစေးခြင်း၊ လည်ပင်းနာခြင်းများကို ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံကနေ (၁၈)ရက်နေ့က ပြန်လာပြီး နှာစေး၊ လည်ချောင်းနာဖြစ်နေလို့ အိမ်မှာပဲ နေနေ ရာကနေ မနေ့က ကျွန်တော်တို့ ရောဂါလက္ခဏာတွေ့အကြောင်း ဆက်သွယ်ရန်အကြောင်းတို့ကို ရပ်ကွက်ထဲ လိုက်ဆော်သြတော့ သူ့အမေက လာပြောတယ်။ ဒါနဲ့ ကျန်းမာရေးဆရာမကို အကြောင်းကြားလိုက်တော့ လာစစ်ပြီး ဆေးရုံခေါ်မယ်လို့ပြောတယ်

ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်တွင် မတ်လ (၁၆)ရက်နေ့မှ (၂၅)ရက်နေ့အထိ စောင့်ကြည့်လူနာ (၁၇)ဦးနှင့် (၁၄)ရက်သီးခြားစောင့်ကြည့်ထားသူ (၈၀)ဦးတို့အနက် စောင့်ကြည့်လူနာ (၃)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားပြီးဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~