မြန်မာကျပ်ငွေ (၅၀၀၀)တန် နှင့် (၁၀၀၀၀)တန်များ ရုတ်သိမ်းမည်ဆိုသည်မှာ သတင်းမှား

မြန်မာကျပ်ငွေ (၅၀၀၀)တန် နှင့် (၁၀၀၀၀)တန်များ ရုတ်သိမ်းမည်ဆိုသည်မှာ သတင်းမှား
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး
By Tachileik News Agency

နိုင်ငံအတွင်း တပ်မတော်မှ အာဏာသိမ်းလိုက်ပြီးနောက် မြန်မာကျပ်ငွေ (၅,၀၀၀)တန် နှင့် (၁၀,၀၀၀)တန်များကို ရုတ်သိမ်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ်မှုများမရှိစေဘဲ ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ ငွေစက္ကူများကို ရုပ်သိမ်းမည်ဆိုသည့် ကိစ္စရပ်များ အပါအဝင် ဘဏ်များ ပိတ်သိမ်းမည်ဆိုသည့် သတင်းများမှ ထွက်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်နေလျက်ရှိကြောင်း ထုတ်ပြန်ထားရှိသည်။

ဘဏ်များမှလည်း ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်ရန် ဘဏ်များသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

Tachileik News Agency