အာဏာဆီယံ အစည်းအဝေးအား အာဏာသိမ်းစစ်ခေါင်းဆောင်များကို မဖိတ်ဘဲ အဆင့်အတန်းနှိမ့်ပြီး ဖိတ်ကြားလာ၍ လက်မခံကြောင်း စကစ အကြောင်းပြန်

အာဏာဆီယံ အစည်းအဝေးအား အာဏာသိမ်းစစ်ခေါင်းဆောင်များကို မဖိတ်ဘဲ အဆင့်အတန်းနှိမ့်ပြီး ဖိတ်ကြားလာ၍ လက်မခံကြောင်း စကစ အကြောင်းပြန်

အာဏာဆီယံ အစည်းအဝေးအား အာဏာသိမ်းစစ်ခေါင်းဆောင်များကို မဖိတ်ဘဲ အဆင့်အတန်းနှိမ့်ပြီး ဖိတ်ကြားလာ၍ လက်မခံကြောင်း စကစ  အကြောင်းပြန်

* * * * *

အာဆီယံထိပ်သီးအစည်းအဝေးအား  မြန်မာနိုင်ငံဘက်က တက်ရောက်နိုင်ရန် မြန်မာနိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ တစ်ဦးဦးကို မဖိတ်ဘဲ အဆင့်အတန်းကို နှိမ့်ပြီး ဖိတ်ကြားလာသည့်အတွက်  လက်မခံကြောင်းနှင့် အကြီးအကဲတစ်ဦးဦးကို ဖိတ်ကြားမှသာ အစည်းအဝေးကို လက်ခံ တက်ရောက်နိုင်မည်ဟု အာဏာသိမ်းအဖွဲ့က အောက်တိုဘာလ(၂၅)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးအား မဖိတ်ဘဲ  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အား ဖိတ်ကြားလာ၍ ယင်းသို့ သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

အာဆီယံအစည်းအဝေးအား စစ်ကောင်စီအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရရေးကိုသာ မျှော်လင့်နေခြင်း ဖြစ်သည်။ 

အာဆီယံအစည်းအဝေးများ တက်ရောက်ရာတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နှင့် မြန်မာနိုင်ငံတို့အကြား အမြင်မတူမှုများ၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ သက်ဆိုင်ရာ ပြဌာန်းချက်အချို့အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန်အတွက်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံ ပဋိညာဉ်စာတမ်း၏ နောက်ဆက်တွဲသဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အာဏာသိမ်းအဖွဲ့က အသိပေးထားသည်။

အာဆီယံအစည်းအဝေး မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် အောက်တိုဘာလ(၂၅)ရက်နေ့က နေပြည်တော် အပါအဝင် မြို့ကြီးအချို့တွင် အာဏာသိမ်းစစ်တပ်က "အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲ"များကို ပုံဖော်လုပ်ဆောင်ခဲ့သည်။