ဖာပွန်ခရိုင်တွင် KNU နှင့် ပစ်ခတ်တိုက်ခိုက်မှု (၂)ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က (၄)ဦးသေ၊ စစ်ကား (၂)စီးပျက်စီး

ဖာပွန်တွင် ပြီးခဲ့သည့်ရက်က တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကား [ Photo: CJ ]
ဖာပွန်တွင် ပြီးခဲ့သည့်ရက်က တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကား [ Photo: CJ ]
ဖာပွန်ခရိုင်တွင် KNU နှင့် ပစ်ခတ်တိုက်ခိုက်မှု (၂)ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က (၄)ဦးသေ၊ စစ်ကား (၂)စီးပျက်စီး

ဖာပွန်ခရိုင်တွင် KNU နှင့် ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ (၄)ဦီးသေ၊ စစ်ကား (၂)စီးပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့တွင် KNU က (၂) ကြိမ်ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ (၄) ဦးသေပြီး စစ်ကား (၂) စီး မီးလောင်ဆုံးရှုံးသည်ဟု KNU က သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင်၊ ကူးဆပ်ကျေးရွာဘက်သို့ တပ်ဖွဲ့ဝင်များနှင့် ရိက္ခာများပို့ဆောင်ပြီး ပြန်လာသည့် စစ်ကား (၁၁) စီးပါယာဉ်တန်းကို ကူးဆိပ်ကျေးရွာနှင့် မေထာကျေးရွာကြားတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့က နံနက် (၇) နာရီဝန်းကျင်တွင် (၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁) ကြိမ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 CJ ]

ယင်းအပြင် မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်ကလည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူဒေသအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာသွားပို့သည့် စစ်ကောင်စီတပ်များ  မူကေထာနှင့် ကော်ထယ်ဒဲကြား ချောင်းဖြတ်ကူးစဉ် KNU တပ်မဟာ (၅) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၂) ဦး သေဆုံးခဲ့သည်ဟု သိရသည်။

KNU ၏  KNLA တပ်မဟာ ၅ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား မေလအတွင်း တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၂၈) ဦးသေဆုံးကာ (၁၈၀) ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် ရိက္ခာပို့ မြင်း (၁၂) ကောင် သေဆုံးပြီး စစ်ကား (၉) စီးလည်းပျက်စီးခဲ့သည်ဟု KNU က သတင်းထုတ်ပြန်သည်။