တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ထိုင်းဘက်ခြမ်းမှ ဆေးသုတ်မှုများ ပြုလုပ်

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ထိုင်းဘက်ခြမ်းမှ ဆေးသုတ်မှုများ ပြုလုပ်
ဖေဖော်ဝါရီ 2, 2021 | ရှမ်းရှေ့
By Tachileik News Agency

တာချီလိတ်မြို့ရှိ (၁၀) လကျော်ကြာပိတ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ထိုင်းဘက်ခြမ်းမှ ဆေးသုတ်မှုများပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ပိတ်ထားသည့် (၁၀) လကျော်ကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းတွင် မယ်ဆိုင်ဘက်ခြမ်း၌ ဆေးသုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်လာသည်ကို တွေ့ရသည်။

တာချီလိတ်နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့မှစတင်ပြီး ထိုင်းနိုင်ငံဘက်မှ စတင်ပိတ်ထားခဲ့ပြီး တံတား၏ မြန်မာဘက်ခြမ်းတွင် မကြာခဏ သန့်ရှင်းရေး လုပ်ဆောင်သော်လည်း ထိုင်းနိုင်ငံဘက်မှ ပထမဆုံးအကြိမ် ဆေးသုတ်သန့်ရှင်းရေး လုပ်ဆောင်လာခြင်းဖြစ်သည်။

တာချီလိတ်နှင့်မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ် (၁) တံတားကို ပိတ်ထားသည့် ကာလအတွင်း အမှတ် (၂) တံတားမှနေ၍ ကုန်စည်ကူးသန်းမှုကို ခွင့်ပြုထားခြင်းဖြစ်သည်။



Tachileik News Agency