တာခ်ီလိတ္ၿမိဳ႕ေရႊတိဂံုေစတီေတာ္ ၀တၱကေျမအတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ေဆာင္ရြက္သြားမည္

တာခ်ီလိတ္ၿမိဳ႕ေရႊတိဂံုေစတီေတာ္ ၀တၱကေျမအတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ေဆာင္ရြက္သြားမည္
စက်တင်ဘာ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕၏ အထင္ကရျဖစ္သည့္  တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ၀တၱကေျမအတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ႏိုင္ရန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကို ေျပာျပတယ္။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေပါ့။ က်န္းမာေရးနဲ႔ေပါင္းၿပီး သူတို႔ဘက္ကလုပ္သင့္တယ္။ ေရႊတိဂံုဘုရားဆိုတာ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ ဗုဒၶဘာသာေတြအထြတ္အျမတ္ထားတဲ့ေနရာလည္းျဖစ္တယ္။ ဒီေနရာေလးကိုေဆးလိပ္ေငြ႕ကင္းေအာင္ အားလံုးပူးေပါင္းမႈနဲ႔လုပ္သင့္တယ္။ သူတို႔ေၾကညာႏိုင္ေအာင္လုပ္ေပးမယ္လို႔ ကတိေပးသြားတာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၂၂)ရက္ေန႔တြက္ ေျပာသည္။   

ရွမ္းျပည္နယ္အတြင္း ပင္းတယၿမိဳ႕နယ္ေရႊဥမင္ဘုရား၀တၱကေျမအတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး ဘုရားေဂါပကအဖြဲ႕အပါအ၀င္ ျပည္သူမ်ားပူးေပါင္းေဆာင္ရြက္သျဖင့္ ေအာင္ျမင္ေနသည့္ အေနအထားျဖစ္ေနၿပီး ေတာင္ႀကီးၿမို႕လယ္ဓမၼာရံု၊ ေရႊဘုန္းပြင့္ဘုရားပရ၀ဏ္ႏွင့္ ကကၠဴဘုရားတို႔တြင္ ေဆးလိပ္ေငြ႕ကင္းစင္သည့္ေနရာမ်ားအျဖစ္ သတ္မွတ္ႏိုင္ေရး စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ေရႊတိဂံုဘုရားေပၚမွာ ေဂါပကနဲ႔တိုင္ပင္ၿပီးေတာ့ ဒီ (၁၀) လပိုင္း (၁၁) လပိုင္းကို ပညာေပးကာလေပါ့။ စၿပီးသတ္မွတ္ၿပီးေတာ့ အဲဒီေနာက္ပိုင္း ဘုရားေပၚမွာေဆးလိပ္ေသာက္မယ္ဆို ဒဏ္ေငြရိုက္ဖို႔ ေဂါပကအဖြဲ႕နဲ႔ ေဆာင္ရြက္မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ေငြ႕ကင္းစင္ နယ္ေျမမ်ားသတ္မွတ္ေရးအတြက္ ၿမိဳ႕နယ္ (၄၈) ၿမိဳ႕နယ္မွ ေနရာ (၁၀၄) ေနရာကို ၂၀၁၇ ခုနွစ္တြင္ တင္ျပထားမႈမ်ားရိွခဲ့ၿပီး အေကာင္အထည္ေဖာ္ခဲ့သည့္ ကာလအတြင္း ပင္းတယေရႊဥမင္ဘုရားတစ္ခုသာ ေၾကညာႏိုင္သည့္အေနအထားရိွေသးေၾကာင္း သိရသည္။

"အေရွ႕ပိုင္းမွာလည္း ကၽြန္ေတာ္ထင္ပါတယ္။ CSO အဖြဲ႕ေတြအမ်ားႀကီးရိွတယ္။ ကၽြန္ေတာ္တို႔လည္းလာၿပီးေတာ့ သူတို႔ကို အသိပညာေပးေလးေတြရွင္းျပႏိုင္တယ္။ တကယ္တကယ္က ေဒသအာဏာပိုင္ေတြရဲ႕ ပူးေပါင္းပါ၀င္မွ ဒါေတြကပါလာမွာ။ ေဒသအာဏာပိုက္ေတြျဖစ္တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ က်န္းမာေရးဌာန၊ ပညာေရးဌာန သူတို႔ေတြရဲ႕ပူးေပါင္းမႈအားေကာင္းလာတယ္။ ဒီကရိွတဲ့ CSO အဖြဲ႕ေတြ ပူးေပါင္းမႈ အားေကာင္းလာတယ္ဆိုရင္ေတာ့ ဒီဖက္ေဒသေတြလည္းကၽြန္ေတာ္တို႔ ေၾကညာႏိုင္မွာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။   

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္ဓမၼာရုံတြင္ ေအာက္တိုဘာလ (၁၃)ရက္ေန႔ ညေနပိုင္းက ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း ဦးေဆာင္၍ ေဆးလိပ္ေငြ႔ ကင္းစင္ေနရာ အေကာင္အထည္ေဖာ္မႈ အသိပညာေပး ေဆြးေႏြးျခင္း ေဆာင္ရြက္ခဲ့ၿပီး  ေဆးလိပ္ေငြ႕ကင္းစင္ နယ္ေျမမ်ားအျဖစ္ တာခ်ီလိတ္ေရႊတိဂံုႏွင့္ ၿမိဳ႕နယ္ဓမၼာရံုတို႔အား ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္းက သတ္မွတ္ထားၿပီးျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၏ အထင်ကရဖြစ်သည့် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝတ္တကမြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာလည်း ခရိုင်အုပ်ချုပ်ရေးမှူးကို ပြောပြတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးပေါ့။ ကျန်းမာရေးနဲ့ပေါင်းပြီး သူတို့ဘက်ကလုပ်သင့်တယ်။ ရွှေတိဂုံဘုရားဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာတွေအထွတ်အမြတ်ထားတဲ့နေရာလည်းဖြစ်တယ်။ ဒီနေရာလေးကိုဆေးလိပ်ငွေ့ကင်းအောင် အားလုံးပူးပေါင်းမှုနဲ့လုပ်သင့်တယ်။ သူတို့ကြေညာနိုင်အောင်လုပ်ပေးမယ်လို့ ကတိပေးသွားတာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၂)ရက်နေ့တွက် ပြောသည်။

ရှမ်းပြည်နယ်အတွင်း ပင်းတယမြို့နယ်ရွှေဥမင်ဘုရားဝတ္တကမြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဘုရားဂေါပကအဖွဲ့အပါအဝင် ပြည်သူများပူးပေါင်းဆောင်ရွက်သဖြင့် အောင်မြင်နေသည့် အနေအထားဖြစ်နပြေီး တောင်ကြီးမြို့လယ်ဓမ္မာရုံ၊ ရွှေဘုန်းပွင့်ဘုရားပရဝဏ်နှင့် ကက္ကူဘုရားတို့တွင် ဆေးလိပ်ငွေ့ကင်းစင်သည့်နေရာများအဖြစ် သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"ရွှေတိဂုံဘုရားပေါ်မှာ ဂေါပကနဲ့တိုင်ပင်ပြီးတော့ ဒီ (၁၀) လပိုင်း (၁၁) လပိုင်းကို ပညာပေးကာလပေါ့။ စပြီးသတ်မှတ်ပြီးတော့ အဲဒီနောက်ပိုင်း ဘုရားပေါ်မှာဆေးလိပ်သောက်မယ်ဆို ဒဏ်ငွေရိုက်ဖို့ ဂေါပကအဖွဲ့နဲ့ ဆောင်ရွက်မှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများသတ်မှတ်ရေးအတွက် မြို့နယ် (၄၈) မြို့နယ်မှ နေရာ (၁၀၄) နေရာကို ၂၀၁၇ ခုနှစ်တွင် တင်ပြထားမှုများရှိခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည့် ကာလအတွင်း ပင်းတယရွှေဥမင်ဘုရားတစ်ခုသာ ကြေညာနိုင်သည့်အနေအထားရှိသေးကြောင်း သိရသည်။

"အရှေ့ပိုင်းမှာလည်း ကျွန်တော်ထင်ပါတယ်။ CSO အဖွဲ့တွေအများကြီးရှိတယ်။ ကျွန်တော်တို့လည်းလာပြီးတော့ သူတို့ကို အသိပညာပေးလေးတွေရှင်းပြနိုင်တယ်။ တကယ်တကယ်က ဒေသအာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှ ဒါတွေကပါလာမှာ။ ဒေသအာဏာပိုက်တွဖြေစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန သူတို့တွေရဲ့ပူးပေါင်းမှုအားကောင်းလာတယ်။ ဒီကရှိတဲ့ CSO အဖွဲ့တွေ ပူးပေါင်းမှု အားကောင်းလာတယ်ဆိုရင်တော့ ဒီဖက်ဒေသတွေလည်းကျွန်တော်တို့ ကြေညာနိုင်မှာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံတွင် အောက်တိုဘာလ (၁၃)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်၍ ဆေးလိပ်ငွေ့ ကင်းစင်နေရာ အကောင်အထည်ဖော်မှု အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများအဖြစ် တာချီလိတ်ရွှေတိဂုံနှင့် မြို့နယ်ဓမ္မာရုံတို့အား ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net