တပ်က ငြိမ်းချမ်းရေးဆွေးနွေးမည့်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီး စစ်ရေးဆိုင်ရာလှုပ်ရှားမှု တစ်လရပ်ဆိုင်းကြောင်း ကြေညာ

တပ်က ငြိမ်းချမ်းရေးဆွေးနွေးမည့်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီး စစ်ရေးဆိုင်ရာလှုပ်ရှားမှု တစ်လရပ်ဆိုင်းကြောင်း ကြေညာ
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

တပ်က နိုင်ငံတော် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်သည်။



အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ဖွဲ့စည်းထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးအဖွဲ့ဝင် (၄) ဦးကော်မတီကို ဖြည့်စွက်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။



ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းသည့် ကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency