နယ်စပ်မြို့ တာချီလိတ်တွင် လေဆိပ်ကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ ယာယီပိတ်ထား

နယ်စပ်မြို့ တာချီလိတ်တွင် လေဆိပ်ကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ ယာယီပိတ်ထား
ဖေဖော်ဝါရီ 1, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ လေဆိပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ယာယီပိတ်လိုက်ပြီး ယနေ့ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ကြောင်း သိရသော်လည်း လေဆိပ်ပိတ်မည့်ရက် အတိအကျမသိရသေးကြောင်း သိရသည်။

တာချီလိတ်တွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက် (၁) နာရီဝန်းကျင်ကတည်းက တပ်မတော်က NLD ပါတီ ကိုယ်စားလှယ်များ၏ နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးပြီး ဆက်သွယ်ရေးလိုင်းအားလုံးကို ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

တပ်မတော်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီမှ ကိုယ်စားလှယ်များအား ဖမ်းဆီးလိုက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာလွှဲပြောင်းယူလိုက်ပြီး နိုင်ငံတော်အား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာလိုက်သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေအား ယာယီသမ္မတအဖြစ် ထားရှိသည်ဟု ကြေညာထားသည်။

Tachileik News Agency

 

ဆက်စပ်သတင်း