တာချီလိတ်ရှိ တော်ဝင်ဆီပန့်က ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများကို အောက်တိုဘာလ (၁)လလုံး စက်သုံးဆီ တစ်လီတာလျှင် (၈)ဘတ်နှုန်းဖြင့် ရောင်းချပေးသွားမည်

တာချီလိတ်ရှိ တော်ဝင်ဆီပန့်က ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများကို အောက်တိုဘာလ (၁)လလုံး စက်သုံးဆီ တစ်လီတာလျှင် (၈)ဘတ်နှုန်းဖြင့် ရောင်းချပေးသွားမည်
စက်တင်ဘာ 30, 2020
By Tachileik News Agency
တာချီလိတ်ရှိ တော်ဝင်ဆီပန့်က ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများကို အောက်တိုဘာလ (၁)လလုံး  စက်သုံးဆီ တစ်လီတာလျှင် (၈)ဘတ်နှုန်းဖြင့်  ရောင်းချပေးသွားမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တော်ဝင်ဆီပန့်က ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)လအတွင်း စက်သုံးဆီများကို တစ်ဝက်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကိုဗစ်ကာလအတွင်းမှာ ကျွန်တော်တို့ တော်ဝင် (၁)နဲ့ (၂) ဆီပန့်မှာ ဆေးရုံဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ယာဉ်တွေကို ဆီဈေးနှုန်း တစ်ဝက်ခဈေးနှုန်းနဲ့ ရောင်းပေးပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ နံပါတ်တစ်ပေါ့နော်။ နောက်လူမှုရေးအသင်းတွေဆိုရင် ဒီမှာ မဇ္ဇျိမ၊ အလင်းရောင်၊ မေတ္တာရှင်၊ ဦးလှမိုး ( တာချီလိတ်နာရေးကူညီမှုအသင်း )၊ ကြက်ခြေနီ အဲဒီလိုအသင်းတွေပေါ့နော်။ အဲဒါတွေကို မနက်ဖြန်ကစပြီး တစ်ဝက်လျှော့ဈေးကို တစ်လတိတိ ရောင်းချပေးဖို့စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့မှ တော်ဝင်ဆီပန့်ပိုင်ရှင် ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စားနပ်ရိက္ခာထောက်ပံ့ခြင်းကို တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်များက နိုင်ငံတော်ကိုယ်စား တာဝန်ယူ၍ ပံ့ပိုးပေးခြင်းကို လုပ်ဆောင်ခဲ့ကြပြီး COVID 19 ကာလအတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား ပုဂ္ဂလိက ဆီပန့်တစ်ခုက ဈေးနှုန်းလျှော့ချပေးလာခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~