မဲခေါင်မြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ရေကြောင်းကင်းလှည့်လုပ်ငန်း (၄)နိုင်ငံအစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် တာချီလိတ်တွင် လက်ခံကျင်းပနေ

မဲခေါင်မြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ရေကြောင်းကင်းလှည့်လုပ်ငန်း (၄)နိုင်ငံအစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် တာချီလိတ်တွင် လက်ခံကျင်းပနေ
ဇူလိုင် 24, 2019
By Tachileik News Agency



အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) တာချီလိတ်မှ ရဲမှူးကြီး အောင်ဇော်မိုးဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် (၃)နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မဲခေါင်မြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်လုပ်ငန်းအတွက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင်းရှိ ဝမ်ပုံတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ နံနက်က လက်ခံကျင်းပနေသည်။

ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) တာချီလိတ်ရုံးတွင် ကျင်းပနေသည့် အဆိုပါ အစည်းအဝေးမှာ (၄)နိုင်ငံကြား အလယ်အလတ်အဆင့် သတင်းအချက်အလက်ဖလှယ်ရေး အစည်းအဝေးဖြစ်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) တာချီလိတ်မှ ရဲမှူးကြီး အောင်ဇော်မိုးဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် (၃)နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနကြခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net