နိုင်ငံအတွင်း အတည်ပြုလူနာ (၈၂)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၈၈၉)ဦးအထိ ရှိလာ

နိုင်ငံအတွင်း အတည်ပြုလူနာ (၈၂)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၈၈၉)ဦးအထိ ရှိလာ
စက်တင်ဘာ 9, 2020
By Tachileik News Agency
နိုင်ငံအတွင်း အတည်ပြုလူနာ (၈၂)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၈၈၉)ဦးအထိ ရှိလာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့၏ ပထမအသုတ်အဖြစ် (၁၂၂၆)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ Covid-19 ကူးစက်ခံရသူ (၈၂)ဦး တွေ့ရှိကြောင်း စက်တင်ဘာလ (၉)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။
ကူးစက်ခံရသူ (၈၂)ဦးတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှ ဖြစ်သည်။
နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ညပိုင်းအထိ  (၁၈၈၉)ဦး ရှိပြီး သေဆုံးသူမှာ (၁၂)ဦးအထိ ရှိနေပြီ ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~