တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား နှစ်သောင်း ဖမ်းမိ

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား နှစ်သောင်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀) သယ်လာသည့် အမျိုးသား (၂) ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ ညပိုင်းက  ဖမ်းဆီးရမိကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ ကံကော်လမ်းသွယ်၌ ည (၁၀)နာရီခွဲဝန်းကျင်အချိန်က ဆိုင်ကယ်တစ်စီးဖြင့်လာသည့် လော်ကာနှင့် အားဖာတို့အား ရဲတပ်ဖွဲ့က စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ 999 တံဆိပ်ပါ စက္ကူဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀) ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် လော်ကာနှင့် အားဖာတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၉/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency