မယ်ဆိုင်မြို့တွင်းသို့ တာချီလိတ်ဘက်မှ ကုန်ပစ္စည်းတင်ယာဉ်မောင်းများကို အဝင်မခံတော့ကြောင်း ထိုင်းဘက်က ထုတ်ပြန်

မယ်ဆိုင်မြို့တွင်းသို့ တာချီလိတ်ဘက်မှ ကုန်ပစ္စည်းတင်ယာဉ်မောင်းများကို အဝင်မခံတော့ကြောင်း ထိုင်းဘက်က ထုတ်ပြန်
စက်တင်ဘာ 15, 2020
By Tachileik News Agency

မယ်ဆိုင်မြို့တွင်းသို့ တာချီလိတ်ဘက်မှ ကုန်ပစ္စည်းတင်ယာဉ်မောင်းများကို အဝင်မခံတော့ကြောင်း ထိုင်းဘက်က ထုတ်ပြန်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ မော်တော်ယာဉ်မောင်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ အဝင်မခံတော့ကြောင်း ချင်းရိုင်းခရိုင်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်အဝင်အထွက်ကို ပိတ်လိုက်သော်လည်း ကုန်သွယ်ရေးအတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)မှနေ၍ ကုန်တင်ယာဉ်တစ်စီးလျှင် မော်တော်ယာဉ်မောင်း တစ်ဦးစီဖြင့် နှစ်နိုင်ငံ အပြန်အလှန်ဖြတ်သန်းခွင့်ပြုထားခဲ့ရာမှ တာချီလိတ်ဘက်မှ ယာဉ်မောင်းများကို မယ်ဆိုင်ဘက် အဝင်မခံတော့ဘဲ ကုန်တင်ယာဉ်များကို ထိုင်းယာဉ်မောင်းများဖြင့်သာ လဲလှယ်မောင်းနှင်မည်ဟု မယ်ဆိုင်ဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မယ်ဆိုင်ဘက်က မြန်မာယာဉ်မောင်းများအား တံတားအလယ်နယ်စပ်မျဉ်းနေရာမှ ထိုင်းယာဉ်မောင်းများဖြင့် လဲလှယ်မောင်းနှင်ရမည်ဆိုပါက တာချီလိတ်ဘက်ဝင်မည့် ထိုင်းယာဉ်မောင်းများလည်း အလားတူလိုက်နာရန် လိုအပ်မည်ဟု တာချီလိတ်နှင့် မယ်ဆိုင် မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့် အစည်းအဝေးကို စက်တင်ဘာလ (၁၄) ရက်နေ့က ကျင်းပစဉ် မြန်မာဘက်က တုန့်ပြန်ဆွေးနွေးထားခြင်းဖြစ်သည်။
ယခုထုတ်ပြန်ချက်မှာ မယ်ဆိုင်ဘက် တာဝန်ရှိသူများက တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံနှင့်ပတ်သက်သည့် ကိစ္စကို နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီမှုမရှိဘဲ ထုတ်ပြန်သည့် ဒုတိယမြောက် ထုတ်ပြန်ချက်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~