ရန်ကုန်မှ ကျောက်မဲသို့ ပြန်လာသည့် အသက်(၁၃)နှစ်အရွယ် လူငယ်တွင် ကိုဗစ်ပိုးတွေ့

ရန်ကုန်မှ ကျောက်မဲသို့ ပြန်လာသည့် အသက်(၁၃)နှစ်အရွယ် လူငယ်တွင် ကိုဗစ်ပိုးတွေ့
ဇန်နဝါရီ 27, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့သို့ ရန်ကုန်မှပြန်လာပြီး   Hotel Quarantine ဝင်နေသည့် အသက် (၁၃)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတွင် ဇန်နဝါရီလ (၂၇)ရက်နေ့၏ ဓါတ်ခွဲအဖြေအရ ကိုဗစ်ပိုးတွေ့ကြောင်း သိရသည်။

လူနာက အမျိုးသား၊ အသက် (၁၃)နှစ်၊ ရန်ကုန်ကပြန်လာကတည်းက Hotel Quarantine ဝင်ထားတဲ့အတွက် ပြင်ပ ထိတွေ့သူမရှိပါဘူး

ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ကျောက်မဲမြို့မှ (၁၂၆)ဦး၏ ဓါတ်ခွဲနမူနာများကို မူဆယ်မြို့သို့ ဇန်နဝါရီလ(၂၅)ရက်နေ့က ပို့ဆောင် စစ်ဆေးရာမှာ ဇန်နဝါရီလ(၂၇)ရက်နေ့၏ စစ်ဆေးချက်အရ တစ်ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 

Covid-19 ကာလ စတင်စဥ်ကတည်းက စ၍ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင် Isolation Ward တွင် ဆေးကုသခံရသော ပိုးတွေ့လူနာစုစုပေါင်း (၂၀)ဦးရှိပြီဖြစ်ပြီး လက်ရှိကုသမှုခံနေရသူမှာ (၃) ဦးရှိနေခြင်း ဖြစ်သည်။

 

Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...