(၂၂)ဘီး ယာဥ္အား ေရွာင္လိုက္ရာမွ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အသက္(၆၉)ႏွစ္အရြယ္ ႏွစ္ဦး ေသဆံုး

(၂၂)ဘီး ယာဥ္အား ေရွာင္လိုက္ရာမွ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အသက္(၆၉)ႏွစ္အရြယ္ ႏွစ္ဦး ေသဆံုး
ဇန်နဝါရီ 21, 2019
By Tachileik News Agency

ဟိုင္းဂ်က္ယာဥ္ ႏွင့္ (၆)ဘီးယာဥ္တို႔ တိုက္မိရာက ဟိုင္းဂ်က္ယာဥ္ေပၚပါ သက္ႀကီးရြယ္အို (၂)ဦးမွာ ေသဆံုးသြားၿပီး ကေလးငယ္ တစ္ဦးဒဏ္ရာရရွိမႈ လားရႈိးၿမိဳ႕ေရွာင္လမ္းဆံုတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၁)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

" (၂၂)ဘီး တြဲကားက ၿမိဳ႕ေရွာင္လမ္းကေန ျပည္ေထာင္စုလမ္းကို ထြက္လာတာ၊ အဲ့ဒီမွာ လားရိႈး ၿမိဳ႕ထဲကေနထြက္ လာတဲ့ Hiject ( ေခြးဘီးလူး ) ယာဥ္က (၂၂)ဘီးကိုေရွာင္ရင္း မႏၱေလးဘက္ကလာတဲ့ Canter (၆)ဘီးယာဥ္နဲ႔ တိုက္မိသြားတာ၊ ေခြးဘီးလူယာဥ္ေပၚက အမ်ိဳးသမီးကေတာ့ ေနရာမွာ ေသဆံုးတယ္၊ အမ်ိဳးသားကေတာ့ ေဆးရံုကို ပို႔ထားတုန္း ေသဆံုးသြားတယ္" ဟု လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္း မွ ကိုစိုင္းဝသုန္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္

အဆိုပါ ျဖစ္စဥ္ေၾကာင္း ဟိုင္းဂ်က္ ယာဥ္ေပၚပါ အသက္(၆၉)ႏွစ္အရြယ္ရွိ ေဒၚစိန္ပြင့္ ဆိုသူမွာ ေနရာတြင္ ေသဆံုးသြားၿပီး အသက္(၆၉)ႏွစ္အရြယ္ရွိ ဦးသန္းေမာင္ ဆိုသူမွာ ေဆးရံုသို႔ ပို႔ေဆာင္ထားစဥ္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ႏွင့္ အသက္(၇)ႏွစ္အရြယ္ ကေလးငယ္တစ္ဦးမွာ ဒဏ္ရာရွိထား၍ လားရႈိးျပည္သူ႔ေဆးရံုႀကီးတြင္ ေဆး၀ါးကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(လားရႈိး)မွ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဟိုင်းဂျက်ယာဉ် နှင့် (၆)ဘီးယာဉ်တို့ တိုက်မိရာက ဟိုင်းဂျက်ယာဉ်ပေါ်ပါ သက်ကြီးရွယ်အို (၂)ဦးမှာ သေဆုံးသွားပြီး ကလေးငယ် တစ်ဦးဒဏ်ရာရရှိမှု လားရှိုးမြို့ရှောင်လမ်းဆုံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" (၂၂)ဘီး တွဲကားက မြို့ရှောင်လမ်းကနေ ပြည်ထောင်စုလမ်းကို ထွက်လာတာ၊ အဲ့ဒီမှာ လားရှိုး မြို့ထဲကနေထွက် လာတဲ့ Hiject ( ခွေးဘီးလူး ) ယာဉ်က (၂၂)ဘီးကိုရှောင်ရင်း မန္တလေးဘက်ကလာတဲ့ Canter (၆)ဘီးယာဉ်နဲ့ တိုက်မိသွားတာ၊ ခွေးဘီးလူယာဉ်ပေါ်က အမျိုးသမီးကတော့ နေရာမှာ သေဆုံးတယ်၊ အမျိုးသားကတော့ ဆေးရုံကို ပို့ထားတုန်း သေဆုံးသွားတယ်" ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း မှ ကိုစိုင်းဝသုန် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်

အဆိုပါ ဖြစ်စဉ်ကြောင်း ဟိုင်းဂျက် ယာဉ်ပေါ်ပါ အသက်(၆၉)နှစ်အရွယ်ရှိ ဒေါ်စိန်ပွင့် ဆိုသူမှာ နေရာတွင် သေဆုံးသွားပြီး အသက်(၆၉)နှစ်အရွယ်ရှိ ဦးသန်းမောင် ဆိုသူမှာ ဆေးရုံသို့ ပို့ဆောင်ထားစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း နှင့် အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရှိထား၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)မှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~