ကျောက်မဲမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဆိုင်ထိုင်စားသောက်နေသည့် အမျိုးသား(၄)ဦးအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရမှာ (၂)ဦး ဒဏ်ရာရ 

ကျောက်မဲမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဆိုင်ထိုင်စားသောက်နေသည့် အမျိုးသား(၄)ဦးအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရမှာ (၂)ဦး ဒဏ်ရာရ 

ရှမ်းပြည်နယ်( မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၈)ရပ်ကွက်အတွင်းရှိ  စားသောက်ဆိုင်တစ်ဆိုင်တွင် ဆိုင်ထိုင်စားသောက်နေသည့် လူငယ်တစ်စုအား အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် အမျိုးသား(၄)ဦးအနက် (၂)ဦး သေနတ်မှန်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ဆေးရုံသို့ ပို့ဆောင်ထားစဉ်

 

ကျောက်မဲမြို့ အမှတ် (၈)ရပ်ကွက်ရှိ M2K စားသောက်ဆိုင်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က  လူငယ် (၄)ဦးအဖွဲ့သည် ဆိုင်၏ အရှေ့ဖက် အပြင်ဝိုင်းတွင် စားသောက်ကာ စကားပြောနေကြစဉ် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည့် အမည်မသိ အမျိုးသား(၂)ဦးသည် သေနတ်ဖြင့် (၇)ချက်ဝန်းကျင် ပစ်ခတ်ပြီးနောက် မြို့တွင်းဘက်သို့ ဆက်လက်မောင်းထွက်သွားကြောင်း သိရသည်။



သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် လူငယ်(၄)ဦးအနက် ကျောက်မဲနာရေးကူညီမှုအသင်းမှ အသင်းသားများဖြစ်သည့် အမျိုးသား(၂)ဦးမှာ  ခြေထောက် နှင့် တင်ပါးတို့တွင် ဒဏ်ရာများရရှိသွား၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်စဉ်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ နေရာဝန်းကျင်၌  38 Super စာတမ်းပါသည့် ကျည်ဆံအခွံ (၇)ခုကိုတွေ့ရှိ သိမ်းဆည်းရမိကြောင်း နှင့် ဖြစ်စဉ်အား ဆက်လက် စုံစမ်း စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...