သင်သိပါသလား..၊ Mask တပ်ထားတယ်ဆိုပေမဲ့ စနစ်တကျ မတပ်ဆင်ရင် Covid-19 ကူးစက်နိုင်တယ်ဆိုတာ

သင်သိပါသလား..၊ Mask တပ်ထားတယ်ဆိုပေမဲ့ စနစ်တကျ မတပ်ဆင်ရင် Covid-19 ကူးစက်နိုင်တယ်ဆိုတာ
ဇန်နဝါရီ 17, 2021 | Covid-19



COVID 19 ကူးစက်မခံရအောင် အပြင်ထွက်ရင် Surgical Mask ဖြစ်ဖြစ်၊ အဝတ် နှာခေါင်းစည်းပဲဖြစ်ဖြစ် တပ်ဆင်ကြပါတယ်။

Mask တပ်ထားတယ်ဆိုပေမဲ့ စနစ်တကျ တပ်ဆင်မှသာ COVID 19 မကူးစက်မှာဖြစ်ပါတယ်။

😷 Mask ကို နှာခေါင်း၊ မေးစေ့အုပ်တဲ့အထိ တပ်ဆင်ထားပြီး ဘေးဘက်ကလည်း လုံလုံခြုံခြုံ ဖုံးအုပ်အောင် တပ်ဆင်ရပါမယ်။

😷 နှာခေါင်းစည်း (Mask) ကို ဖြုတ်ရာမှာ Mask ရဲ့ အပြင်မျက်နှာကို လက်နဲ့မထိဘဲ ကြိုးကနေဖြုတ်ရပါမယ်။

😷 နှာခေါင်းစည်း (Mask) ကို နှာခေါင်းအောက် လျှောချထားတာ၊ မေးစေ့မှာ ချိတ်ထားတာတွေ မလုပ်ဘဲ အပြင်သွားချိန်တစ်လျှောက်လုံး လုံလုံခြုံခြုံ တပ်ဆင်ရပါမယ်။

😷 အပြင်ကနေ ပြန်လာတာနဲ့ တစ်ခါသုံး Mask ကို ကြိုးကနေကိုင်ဖြုတ်ပြီး လုံခြုံတဲ့အမှိုက်ပုံးထဲ စွန့်ပစ်ရပါမယ်။ အဝတ် Mask ကို ဆပ်ပြာရည်နဲ့ တစ်ခါတည်း လျှော်ပစ်ရပါမယ်။

😷 Mask မတပ်မီနဲ့ Mask ကို ချွတ်ပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀)ကြာ ဆေးကြောရပါမယ်။ ဒါမှမဟုတ် အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးကြောရပါမယ်။

ကိုးကား - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန