ခရီးသွားရန် COVID-19 အန္တရာယ်ရှိမှု အဆင့်ကို မြန်မာ အပါအဝင် (၃)နိုင်ငံအတွက် အမေရိကန် CDC လျှော့ချ သတ်မှတ်

ခရီးသွားရန် COVID-19 အန္တရာယ်ရှိမှု အဆင့်ကို မြန်မာ အပါအဝင် (၃)နိုင်ငံအတွက် အမေရိကန် CDC လျှော့ချ သတ်မှတ်

အမေရိကန်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန - Centers for Disease Control and Prevention (CDC)  က COVID-19 ကူးစက်မှုအန္တရာယ်ကြောင့် ခရီးမသွားသင့်ကြောင်း အကြံပြုထားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သော မြန်မာ၊ ဆော်ဒီအာရေဗီးယားနှင့် ဟေတီနိုင်ငံတို့အတွက် အန္တရာယ်ရှိမှု အဆင့်ကို ဧပြီ (၁၁) ရက်တွင် လျှော့ချလိုက်ကြောင်း သိရသည်။



CDC က ထိုသုံးနိုင်ငံသို့ ခရီးသွားရန်အတွက် COVID-19 ကူးစက်မှု အန္တရာယ်ကို ယခင်က " Level 4 - အန္တရာယ်အလွန်မြင့်မား" ဟု သတ်မှတ်ထားခဲ့ရာမှ ယခုအခါ "Level 1 - အန္တရာယ်နည်းပါး" ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။ Level 4 အဖြစ် သတ်မှတ်ထားသည့် နိုင်ငံများသို့ အမေရိကန်များ ခရီးမသွားကြရန် CDC က တိုက်တွန်းခဲ့သည်။



COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျလာရာ အမေရိကန် CDC က လတ်တလော သီတင်းပတ်များအတွင်း ကမ္ဘာတဝန်း နိုင်ငံအများအပြားကို ကူးစက်မှုအန္တရာယ်ရှိအဆင့်များ လျှော့ချပေးနေခဲ့သည်။ CDC က ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ စိန့်ကစ်နှင့် နီဗစ်တို့ကိုလည်း "Level 2 -  အတန်အသင့် အန္တရာယ်ရှိ" မှ Level 1 အဖြစ် ဧပြီ (၁၁) ရက်တွင် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။



Source: Reuters