ယူအေအီးက ပြန်လာသည့် အမျိုးသမီးတစ်ဦးထံက covid-19 စစ်ဆေးတွေ့ရှိ

ယူအေအီးက ပြန်လာသည့် အမျိုးသမီးတစ်ဦးထံက covid-19 စစ်ဆေးတွေ့ရှိ
ဇူလိုင် 14, 2020
By Tachileik News Agency

ယူအေအီးက ပြန်လာသည့် အမျိုးသမီးတစ်ဦးထံက covid-19 စစ်ဆေးတွေ့ရှိ

အာရပ်စော်ဘွားများနိုင်ငံ (UAE)မှ ပြန်လာ၍ ရန်ကုန်တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ (၃၃၇)ဦး ရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ (၂၄၉)ဦး ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ ပြန်ဝင်လာသူများအား ဒေသအသီးသီး၌ အသွားအလာကန့်သတ်ထားကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေခြင်းဖြစ်ပြီး COVID 19 အတည်ပြုလူနာများအနက် လူနာ (၆)ဦး သေဆုံးခဲ့သည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်ရှိနေဆဲဖြစ်၍ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန်နှင့် လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~