မူးယစ်ဆေးဝါး ဘိန်းဖြူများကို ကောလင်း PDF က ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး ဘိန်းဖြူများကို ကောလင်း PDF က ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၏ ကောလင်းမြို့အနောက်ဘက်ခြမ်းတွင် မူးယစ်ဆေးများကို ဖမ်းဆီးရမိပြီး တရားခံများကို ကြိမ်ဒဏ်ပေးလိုက်ကြောင်း ကောလင်း PDF က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်လာသည်။

ဆပ်ပြာခွက် (၂၆)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူများ နှင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး တို့ကို  ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်(၂)တပ်ရင်းက ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၄)ဦးကို  ပထမအကြိမ် သတိပေးသည့်အနေဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ကြိမ်ဒဏ် (၅)ချက်ရိုက်ကာ ဒဏ်ပေးပြီး ပြန်လွတ်လိုက်ကြောင်း သိရသည်။

နောက်နောင်တွင် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ သက်ညှမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကိုယ်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကာလင်း PDF က သတိပေးထားသည်။

ကောလင်းမြို့၏ အနောက်ဘက်ခြမ်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများသော်လည်း ရဲတပ်ဖွဲ့က အရေးယူမှု နည်းပါးသည်ဟု ဒေသခံများထံက သိရသည်။

Photo: ကောလင်း PDF