လားရှိုးမြို့နယ် ခေးနင်းဘုန်းတော်ကြီးကျောင်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

လားရှိုးမြို့နယ် ခေးနင်းဘုန်းတော်ကြီးကျောင်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
အောက်တိုဘာ 20, 2019
By 🌸
လားရှိုးမြို့နယ် ခေးနင်းဘုန်းတော်ကြီးကျောင်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍  ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာ ခေးနင်းကျောင်းဆရာတော် ဦးပညာဇောတကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ ညနေက ကျောင်းဝင်းအတွင်း သေနတ်ဖြင့် လာရောက်ပစ်ခတ်သွား၍ နေရာတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

“အသေးစိတ်တော့ မသိရသေးဘူး။ ညနေက ဆရာတော် ကျောင်းဆောင်မှာပဲ သေနတ်နဲ့လာပစ်သွားလို့ အဲဒီနေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ ကြားတယ်။ ဆရာတော်က သာသနာအတွက်ပဲလုပ်တာ တခြားအရေးကိစ္စတွေ ဘာမှ ဝင်ပါတာမရှိဘူး။ အခု လားရှိုးက လူမှုကူညီရေးအသင်းကားတွေ သွားနေကြတယ်။ ပြန်မလာသေးတော့ သေချာတော့ မသိသေးဘူး။ အဲဒီရွာဘက်က ဒေသခံအသိ ပြောတာလောက်ပဲ သိရတယ်”ဟု လားရှိုးမြို့ခံ ကိုနေမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နှင့် (၁၂)မိုင်အကွာရှိ ခေးနင်းကျေးရွာမှ အခင်းဖြစ်နေရာသို့ နောင်မွန်ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
လားရိႈးၿမိဳ႕နယ္ ေခးနင္းဘုန္းေတာ္ႀကီးေက်ာင္းအတြင္း ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခံရ၍  ေက်ာင္းထုိင္ဆရာေတာ္ ပ်ံလြန္ေတာ္မူ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္၊ ေခးနင္းေက်းရြာ ေခးနင္းေက်ာင္းဆရာေတာ္ ဦးပညာေဇာတကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔ ညေနက ေက်ာင္းဝင္းအတြင္း ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သြား၍ ေနရာတြင္ ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။

“အေသးစိတ္ေတာ့ မသိရေသးဘူး။ ညေနက ဆရာေတာ္ ေက်ာင္းေဆာင္မွာပဲ ေသနတ္နဲ႔လာပစ္သြားလုိ႔ အဲဒီေနရာမွာပဲ ပ်ံလြန္ေတာ္မူသြားတယ္လုိ႔ ၾကားတယ္။ ဆရာေတာ္က သာသနာအတြက္ပဲလုပ္တာ တျခားအေရးကိစၥေတြ ဘာမွ ဝင္ပါတာမရိွဘူး။ အခု လားရိႈးက လူမႈကူညီေရးအသင္းကားေတြ သြားေနၾကတယ္။ ျပန္မလာေသးေတာ့ ေသခ်ာေတာ့ မသိေသးဘူး။ အဲဒီရြာဘက္က ေဒသခံအသိ ေျပာတာေလာက္ပဲ သိရတယ္”ဟု လားရိႈးၿမိဳ႕ခံ ကိုေနမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ႏွင့္ (၁၂)မုိင္အကြာရိွ ေခးနင္းေက်းရြာမွ အခင္းျဖစ္ေနရာသို႔ ေနာင္မြန္ရဲစခန္းမွ တာဝန္ရိွသူမ်ား သြားေရာက္စစ္ေဆးေနၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net