ရှမ်းပြည်နယ်အတွင်း ကျောက်မဲဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၃)ဦးအနက် (၁)ဦး ဆေးရုံဆင်း

ရှမ်းပြည်နယ်အတွင်း ကျောက်မဲဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၃)ဦးအနက် (၁)ဦး ဆေးရုံဆင်း
အောက်တိုဘာ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကျောက်မဲဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၃)ဦးအနက် (၁)ဦး ဆေးရုံဆင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာတစ်ဦး ကုသမှုခံယူပြီး (၇)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
"သူ့မှာ ပိုးမတွေ့တော့ဘူး။ ကျန်းမာရေးကလည်း ကောင်းမွန်တယ်။ ဆေးရုံကနေ ဆင်းရပြီဖြစ်ပေမဲ့ ကျောက်မဲက အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ အမက (၂) မှာ (၇) ရက်ကြာ အသွားအလာကန့်သတ်ထားအုံးမှာ ဖြစ်ပါတယ်" ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာမှာ အသက် (၃၅) နှစ်အရွယ် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အောက်တိုဘာလ (၆) ရက်နေ့က ရန်ကုန်မှ ကျောက်မဲသို့ရောက်ရှိကာ quarantine center ၌ အသွားအလာကန့်သတ်နေထိုင်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၅) ဦးတွေ့ရသည့်အနက် ဆေးရုံဆင်းခွင့်ရသူ (၃) ဦးရှိပြီဖြစ်၍ ကုသမှုခံယူနေဆဲ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးရှိနေခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း၊ဓာတ်ပုံ - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~