သီပေါမြို့တွင် မန္တလေးမှ ပြန်လာသည့် သီလရှင် နှစ်ပါးထံက Covid-19 ပိုးတွေ့

သီပေါမြို့တွင် မန္တလေးမှ ပြန်လာသည့် သီလရှင် နှစ်ပါးထံက Covid-19 ပိုးတွေ့
ဇန်နဝါရီ 13, 2021 | Covid-19| ရှမ်းမြောက်

မန္တလေးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့သို့ ပြန်လာ၍ အသွားအလာကန့်သတ်ထားသော သီလရှင် (၄)ပါးအနက် (၂)ပါးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့က ဓာတ်ခွဲအဖြေရသဖြင့် ကျန် (၂) ပါးကို ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ (၁) ရက်နေ့က သူတို့က အငှားကားနဲ့ ပြန်လာတာ။ သီပေါကို ရောက်ကတည်းက ရေဟော်ဘုန်းကြီးကျောင်း quarantine စင်တာမှာ သီးသန့်ထားပြီးသားပါ။ ဇန်နဝါရီလ (၁၂) ရက်နေ့ကရတဲ့ အဖြေမှာ (၂) ဦးက ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်

ဟု သီပေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပြောသည်။

ပိုးတွေ့ရသည့် အသက် (၁၈)နှစ်နှင့် (၁၂) နှစ်အရွယ် သီလရှင် (၂)ပါးကို သီပေါပြည်သူ့ဆေးရုံသီးသန့်ကုသဆောင်သို့ ပို့ဆောင်ထားကာ ကျန် (၂)ပါးကိုလည်း quarantine ဆက်လက်ထားရှိကြောင်း သိရသည်။

ကိုဗစ်ကာလ စတင်စဉ်မှ လက်ရှိအချိန်ထိ သီပေါပြည်သူ့ဆေးရုံတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၁၃) ဦးရှိခဲ့သည့်အနက် (၁၀)ဦးမှာ ဆေးရုံဆင်းပြီး (၁)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...