လားရှိုးအကျဉ်းထောင်မှ Covid-19 ကူးစက်ခံရသည့် အကျဉ်းသားတစ်ဦး သေဆုံး

Photo: ပေးသောလက် စေတနာရှင် သွေးနဲ့ လူမှုကူညီရေးအသင်း
Photo: ပေးသောလက် စေတနာရှင် သွေးနဲ့ လူမှုကူညီရေးအသင်း
လားရှိုးအကျဉ်းထောင်မှ Covid-19 ကူးစက်ခံရသည့် အကျဉ်းသားတစ်ဦး သေဆုံး
ဇူလိုင် 17, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦး Covid-19 ကူးစက်ခံပြီးနောက် ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ ည(၈)နာရီအချိန်က သေဆုံးသွား၍ ယနေ့ တစ်နေ့တည်းတွင် လားရှိုး၌ သေဆုံးသူ (၄)ဦးအထိ ရှိနေကြောင်း သိရသည်။



 

ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ တစ်နေ့တည်းမှာပင် ပြည်သူ့ဆေးရုံတွင် Covid-19 ကူးစက်ခံရမှုကြောင့် ကုသမှု ခံယူနေသည့် အမျိုးသားနှင့် အမျိုးသမီး လူနာတို့မှာလည်း ထပ်မံသေဆုံးသွား၍ ယနေ့ တစ်နေ့တည်းတွင် သေဆုံးသူ (၄)ဦးရှိနေကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

ယနေ့ ညတွင် သေဆုံးသူ အတည်ပြုလူနာများ၏ ရုပ်အလောင်းများအား ပေးသောလက်စေတနာရှင်သွေးနှင့်လူမှုကူညီရေးအသင်းမှ PPE များ ဝတ်ဆင်ကာ သွားရောက်ကူညီပြီး အလောင်းများသယ်ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း Covid-19 တတိယလှိုင်းတွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ ညပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၁,၀၁၁)ဦးအထိရှိနေပြီး သေဆုံးသူမှာ (၆၀)ကျော်အထိ ရှိလာသည်အနက် ဆေးရုံဆင်းခွင့်ရသူမှာလည်း (၅၅၁)ဦးအထိ ရှိလာကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပေးသောလက် စေတနာရှင် သွေးနဲ့ လူမှုကူညီရေးအသင်း