ဘုန္းေက်ာင္းႀကီးအတြင္း က်င္းပေနသည့္ ပြဲေတာ္တြင္ ေလာင္းကစား၀ိုင္းထည့္သြင္း ျပဳလုပ္ေန၍ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔က ၀င္ေရာက္ ဖမ္းဆီး

ဘုန္းေက်ာင္းႀကီးအတြင္း က်င္းပေနသည့္ ပြဲေတာ္တြင္ ေလာင္းကစား၀ိုင္းထည့္သြင္း ျပဳလုပ္ေန၍ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔က ၀င္ေရာက္ ဖမ္းဆီး
ဇန်နဝါရီ 11, 2019
By Tachileik News Agency

ဘုန္းႀကီးေက်ာင္းအတြင္း က်င္းပျပဳလုပ္ေနသည့္ ပြဲေတာ္တြင္ ေလာင္းကစား၀ိုင္းမ်ား ထည့္သြင္း ျပဳလုပ္ ေနသည္ဟု သတင္းရရွိ၍ တပ္မေတာ္ ႏွင့္ ရဲတပ္ဖြဲ႔တို႔က ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္စီးနင္း ဖမ္းဆီးရာ ေလာင္းကစား ျပဳလုပ္ေနသူမ်ားမွာ ပူးေပါင္းအဖြဲ႔ မေရာက္မီတြင္ ထြက္ေျပးလြတ္ေျမာက္သြားၿပီး ေလာင္းကစားခံုမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ၍ အမႈဖြင့္လွစ္ကာ စံုစမ္းေဖာ္ထုတ္ ေနလ်က္ရွိေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ နယ္ေျမ(၁)ရွိ ဇီးျဖဴေတာင္ေက်ာင္းတိုက္တြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၉)ရက္ေန႔က စတင္၍ က်င္းပျပဳလုပ္ေနသည့္ ပြဲေတာ္၌ ေလာင္းကစား၀ိုင္းမ်ားျဖင့္ ထည့္သြင္း က်င္းပေနေၾကာင္းကို သတင္းရရွိသည့္ နယ္ေျမခံတပ္ ႏွင့္ လားရႈိးခရိုင္ရဲတပ္ဖြဲ႔တို႔ ပါ၀င္ေသာ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၀)ရက္ေန႔ ည(၁၁)နာရီ (၅၅)မိနစ္အခ်ိန္က သြားေရာက္ စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးရာတြင္ ေလာင္းကစား ျပဳလုပ္ေနသူမ်ားမွာ ပူးေပါင္းအဖြဲ႔ မေရာက္မီအခ်ိန္က ထြက္ေျပးလြတ္ေျမာက္သြားၾကၿပီးေနာက္ ဂံုးဂင္း ေလာင္းကစားျဖစ္သည့္ သစ္သားဆြဲခံု ၂ ခံုႏွင့္ ဆင္၊ က်ား၊ ၾကက္၊ ပုဇြန္၊ ငါး၊ လိပ္ ပံုမ်ားပါဝင္ သည့္ အံစာတံုး ၃ တံုးတို႔ကိုသာ ေတြ႔ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း လားရႈိးနယ္ေျမရဲစခန္းမွ သိသည္။

ေလာင္းကစားဝိုင္းမ်ား ဖြင့္လွစ္ေနသူမ်ားႏွင့္ လာေရာက္ကစားသူမ်ားမွာ ထြက္ေျပး တိမ္းေရွာင္သြားသည့္ အတြက္ ၎တို႔အား စံုစမ္းေဖၚထုတ္အေရးယူႏိုင္ရန္ လားရိႈးနယ္ေျမရဲစခန္းတြင္ ( ပ ) ၉/ ၂၀၁၉၊ ေလာင္းကစား ဥပေဒပုဒ္မ ၁၂/ ( က) ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕တြင္ က်င္းပျပဳလုပ္ေလ့ရွိသည့္ အခ်ဳိ႕ေသာ ဘုရားပြဲႏွင့္ ဘုန္းႀကီးေက်ာင္းပြဲမ်ားတြင္ ယခုလို ေလာင္းကစားခံုမ်ား ထည့္သြင္း က်င္းပေလ့ရွိသည္ကို ႏွစ္စဥ္ျမင္ေတြ႔ေနရေသာ္လည္း သက္ဆိုင္ရာက ထိေရာက္စြာ အေရးယူ ေဆာင္ရြက္မႈရွိသည္ကို မေတြ႕ရွိရေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘုန်းကြီးကျောင်းအတွင်း ကျင်းပပြုလုပ်နေသည့် ပွဲတော်တွင် လောင်းကစားဝိုင်းများ ထည့်သွင်း ပြုလုပ် နေသည်ဟု သတင်းရရှိ၍ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးရာ လောင်းကစား ပြုလုပ်နေသူများမှာ ပူးပေါင်းအဖွဲ့ မရောက်မီတွင် ထွက်ပြေးလွတ်မြောက်သွားပြီး လောင်းကစားခုံများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ၍ အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ် နေလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁)ရှိ ဇီးဖြူတောင်ကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့က စတင်၍ ကျင်းပပြုလုပ်နေသည့် ပွဲတော်၌ လောင်းကစားဝိုင်းများဖြင့် ထည့်သွင်း ကျင်းပနေကြောင်းကို သတင်းရရှိသည့် နယ်မြေခံတပ် နှင့် လားရှိုးခရိုင်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ ည(၁၁)နာရီ (၅၅)မိနစ်အချိန်က သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာတွင် လောင်းကစား ပြုလုပ်နေသူများမှာ ပူးပေါင်းအဖွဲ့ မရောက်မီအချိန်က ထွက်ပြေးလွတ်မြောက်သွားကြပြီးနောက် ဂုံးဂင်း လောင်းကစားဖြစ်သည့် သစ်သားဆွဲခုံ ၂ ခုံနှင့် ဆင်၊ ကျား၊ ကြက်၊ ပုဇွန်၊ ငါး၊ လိပ် ပုံများပါဝင် သည့် အံစာတုံး ၃ တုံးတို့ကိုသာ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း လားရှိုးနယ်မြေရဲစခန်းမှ သိသည်။

လောင်းကစားဝိုင်းများ ဖွင့်လှစ်နေသူများနှင့် လာရောက်ကစားသူများမှာ ထွက်ပြေး တိမ်းရှောင်သွားသည့် အတွက်၎င်းတို့အား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် လားရှိုးနယ်မြေရဲစခန်းတွင် ( ပ ) ၉/ ၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၂/ ( က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

လားရှိုးမြို့တွင် ကျင်းပပြုလုပ်လေ့ရှိသည့် အချို့သော ဘုရားပွဲနှင့် ဘုန်းကြီးကျောင်းပွဲများတွင် ယခုလို လောင်းကစားခုံများ ထည့်သွင်း ကျင်းပလေ့ရှိသည်ကို နှစ်စဉ်မြင်တွေ့နေရသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုရှိသည်ကို မတွေ့ရှိရကြောင်း ဒေသခံများက ဆိုကြသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~