သင်သိပါသလား….. Quarantine သတ်မှတ်ရက်များကို ဘယ်လိုတွေ  ခွဲခြားထားသလဲဆိုတာ...

သင်သိပါသလား….. Quarantine သတ်မှတ်ရက်များကို ဘယ်လိုတွေ  ခွဲခြားထားသလဲဆိုတာ...
ဇန်နဝါရီ 12, 2021 | Covid-19

သင်သိပါသလား…..

Quarantine သတ်မှတ်ရက်များကို ဘယ်လိုတွေ  ခွဲခြားထားသလဲဆိုတာ...

⛑ COVID 19 ပိုးသည် ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပြရန် (၂)ရက်မှ (၁၄)ရက်အထိ ကြာမြင့်တတ်ပြီး အချို့လူများတွင် ရောဂါလက္ခဏာမပြဘဲ နေတတ်ပါတယ်။ 

⛑ ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေရှိသူများကို ကာလတစ်ခုသတ်မှတ်၍ အသွားအလာကန့်သတ်ပြီး COVID 19 စစ်ဆေးပါတယ်။

⛑ Quarantine သတ်မှတ်ရက်များကို အခုလို ခွဲခြားထားပါတယ်။

⛑ နိုင်ငံခြားမှ ပြန်လာသူများ၊ ကုန်းလမ်းခရီးမှ လာသူများကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာစစ်ဆေးရန် (quarantine ထားရန်) သတ်မှတ်ထားသည့် ဒေသများတွင် quarantine (၁၄) ရက် နေထိုင်ရပါတယ်။

⛑ Stay at home ဒေသမှ non stay at home ဒေသသို့ လေကြောင်းခရီးဖြင့် သွားလာသူများကို COVID 19 စစ်ဆေးထားသည့် အဖြေရရှိချိန်ပေါ်မူတည်၍ (၃) ရက်မှ (၇) ရက် Quarantine နေထိုင်ရပါတယ်။

⛑ ဆေးရုံဆင်းလူနာများ နေအိမ်တွင် (၇) ရက် Quarantine နေထိုင်ရပါတယ်။

⛑ အတည်ပြုလူနာနှင့်ထိတွေ့သူများ Quarantine (၁၄) ရက်နေထိုင်ရပါတယ်။