Covid-19 ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်အတွင်းက တိမ်ပင်လယ်ကို ယာယီပိတ်ထားရန် RCSS အသိပေးထား

Covid-19 ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်အတွင်းက တိမ်ပင်လယ်ကို ယာယီပိတ်ထားရန် RCSS အသိပေးထား
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
Covid-19 ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်အတွင်းက တိမ်ပင်လယ်ကို ယာယီပိတ်ထားရန် RCSS အသိပေးထား
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း RCSS ထိန်းချုပ်ဒေသဖြစ်သည့် ကြူရှောကျေးရွာရှိ တိမ်ပင်လယ်သို့ လာရောက်လည်ပတ်သူများပြားသည့်အတွက် Covid-19 ကြိုတင်ကာကွယ်နိုင်ရေး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ကစပြီး ယာယီပိတ်ထားရန် RCSS က ထုတ်ပြန်ထားသည်။
"အဲဒီ တိမ်ပင်လယ်က တာဝန်ရှိသူကလဲ အပြင်အဆင်တွေလုပ်ဦးမယ်လို့ ပြန်ပြောလာတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူဝင်၊ လူထွက်များနေလို့ ကျွန်မတို့က သတိပဲပေးတာပါ။ လောလောဆယ်တော့ ယာယီပိတ်ထားခိုင်းတဲ့ သဘောပါပဲ။ နောက်ပိုင်းကျရင် တစ်ရက်ကို လူအကန့်အသတ် ဘယ်လောက်ဝင်ရမယ်ဆိုပြီး ပြန်ဖွင့်ချင်ဖွင့်လို့ရအောင် ညှိနှိုင်းထားပါတယ်"ဟု RCSS/ SSA ၏ ကျောက်မဲမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ မနန်းမိုးမိုးစောက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။
ကျောက်မဲနှင့် (၇)မိုင်ခန့်ဝေးကွာသည့် ကြူရှောကျေးရွာသည် တအာင်း/ ပလောင် ကျေးရွာတစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၀) ရက်ဝန်းကျင်က အဆိုပါကျေးရွာအနီးရှိ တိမ်ပင်လယ် အပန်းဖြေစခန်းက စတင်၍ လူသိများလာခဲ့ခြင်း ဖြစ်သည်။
"တိမ်ပင်လယ်ကို လာရင်းနဲ့တစ်ချို့တွေက လမ်းမှားပြီးတော့ တစ်ခြားရွာတွေရောက်သွားပြီး ပြန်လှည့်လာရတာတွေရှိတယ်။ တန်ဆောင်မုန်းလပြည့်နေ့ကတော့ အနီးနားကနေရော ကျောက်မဲကနေရော လာကြတာလူများသွားတဲ့အတွက် အဲဒီလိုယာယီပိတ်ထားဖို့ သူတို့က အကြောင်းကြားလာတာ"ဟု ကြူရှောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 
ကျေးရွာအနီးရှိ တိမ်ပင်လယ်သို့ လာရောက်လည်ပတ်သူများကို ကျေးရွာအဝင်ရှိ ဝါးလုံးတားဂိတ်၌ လက်ဆေးစေပြီး၊ နှာခေါင်းစည်း / Mask တပ်ဆင်ပြီးမှသာ ဝင်စေခြင်းဖြစ်ပြီး၊ ကျေးရွာ နယ်နိမိတ်အတွင်း အရက်၊ ဘီယာ၊ ခေါင်ရည် စသည်တို့ကိုလည်း ရောင်းချ၊ သောက်သုံးခြင်း ခွင့်မပြုထားကြောင်း သိရသည်။
ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက တိမ်ပင်လယ်သို့ လာရောက်သူများကို တစ်သုတ်လျှင် လူ (၃၀) ဦးထက် မပိုစေဘဲ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဟု သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~