နိုင်ငံတော်အဆင့်မှစ၍ အစိုးရဌာနအဆင့်အားလုံး လူစုလူဝေးဖြင့် အစည်းအဝေးလုပ်ခြင်းကို စက်တင်ဘာ (၉) ရက်နေ့မှစ၍ ကန့်သတ်

နိုင်ငံတော်အဆင့်မှစ၍ အစိုးရဌာနအဆင့်အားလုံး လူစုလူဝေးဖြင့် အစည်းအဝေးလုပ်ခြင်းကို စက်တင်ဘာ (၉) ရက်နေ့မှစ၍ ကန့်သတ်
စက်တင်ဘာ 8, 2020
By Tachileik News Agency
နိုင်ငံတော်အဆင့်မှစ၍ အစိုးရဌာနအဆင့်အားလုံး လူစုလူဝေးဖြင့် အစည်းအဝေးလုပ်ခြင်းကို စက်တင်ဘာ (၉) ရက်နေ့မှစ၍ ကန့်သတ်
အစိုးရဌာနအဆင့်အားလုံးအပါအဝင် မည်သည့်အဖွဲ့အစည်းမှ  ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့မှစ၍ လူစုလူဝေးဖြင့် အစည်းအဝေး၊ အခမ်းအနားများကို ကျင်းပခြင်းမပြုကြရန် အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
“အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကနေ စက်တင်ဘာ (၆) ရက်နေ့ကနေ တိုင်းနဲ့ပြည်နယ်အားလုံးကို အကြောင်းကြားတဲ့စာဖြစ်တယ်။ နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့် အားလုံး အစည်းအဝေးအခမ်းအနားတွေကို စက်တင်ဘာလ (၉) ရက်နေ့ကနေစပြီး ကျင်းပခြင်းမပြုဖို့ဆိုပြီး အကြောင်းကြားလာတာပေါ့။ ကျွန်တော်တို့ဆီကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီတွေကို စာပြန်ထွက်လိုက်ပြီ။”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက စက်တင်ဘာလ (၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှစတင်သည့် COVID 19 ဒုတိယလှိုင်းတွင် ပထမလှိုင်းထက် ကူးစက်သူပိုမိုများပြားနေပြီး စက်တင်ဘာလ (၈)ရက်နေ့အထိ အတည်ပြုလူနာ (၁၆၁၀)ဦး ရှိပြီဖြစ်သည်။
ဒုတိယလှိုင်းတွင် တွေ့ရသည့် COVID 19 ဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲမှုတွေ့ရပြီး ယခင်ထက် ကူးစက်မှုပိုမိုမြန်ဆန်သဖြင့် လူစုလူဝေးဖြစ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~