သင်သိပါသလား ….. Covid-19 ကာလအတွင်း အမိန့်ညွှန်ကြားချက်တွေထဲက ဘာတွေကို ဖြေလျှော့ပေးလိုက်သလဲဆိုတာ

သင်သိပါသလား ….. Covid-19 ကာလအတွင်း အမိန့်ညွှန်ကြားချက်တွေထဲက ဘာတွေကို ဖြေလျှော့ပေးလိုက်သလဲဆိုတာ
ဇူလိုင် 30, 2020
By Tachileik News Agency

သင်သိပါသလား ….. Covid-19 ကာလအတွင်း အမိန့်ညွှန်ကြားချက်တွေထဲက ဘာတွေကို ဖြေလျှော့ပေးလိုက်သလဲဆိုတာ

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့အထိ Covid-19 ကာကွယ်ရေးကန့်သတ်မိန့်များမှ ဖြေလျှော့ပေးထားမှု အချို့ရှိပါတယ်….

🔘 သြဂုတ်လ (၁)ရက်နေ့မှစ၍ လူ (၁၄)ဦးအထိ စုဝေးခွင့်ပြုထားပါတယ်။
🔘 COVID 19 ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း အတိအကျ လိုက်နာနိုင်ပါက ဟိုတယ်၊ မိုတယ်၊ အင်း၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဈေးများ ဖွင့်ခွင့်ပြုထားပါတယ်။
🔘 COVID 19 ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း အတိအကျ လိုက်နာနိုင်ပါက မော်တော်ယာဉ်လိုင်းများ၊ ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ပြုထားပါတယ်။
🔘 ပြည်တွင်းဒေသအသီးသီးသို့ သွားရောက်သူများ Quarantine မဝင်ဘဲ ဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။
🔘 COVID 19 ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း အတိအကျ လိုက်နာနိုင်ပါက အခြေခံပညာကျောင်းများကို ဖွင့်ခွင့်ပြုထားပါတယ်။
🔘 COVID 19 ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း အတိအကျ လိုက်နာနိုင်ပါက လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုထားပါတယ်။

(COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ ထုတ်ပြန်ချက်)