တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၂၁)လုံးကို တစ်ရက်(၇)လုံးစီ လွှတ်တင်မည်

တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၂၁)လုံးကို တစ်ရက်(၇)လုံးစီ လွှတ်တင်မည်
အောက်တိုဘာ 17, 2019
By Tachileik News Agency
တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၂၁)လုံးကို 
တစ်ရက်(၇)လုံးစီ လွှတ်တင်မည် 

"နေ့လွှတ် အရုပ်မီးပုံးပျံ စာရင်းက အားလုံးပေါင်း (၂၁)လုံးရှိပါပြီ၊ တောင်ကြီးမှာကလည်း တန်ဆောင်တိုင် မီးပုံးပျံပြုလုပ်တဲ့ ကာလဆိုတော့ ဒီအရုပ်မီးပုံးတွေ လှမ်းမှာရတာကလည်း များများစားစားမရဘူး။ အခုတော့ စာရင်းလည်း ပိတ်လိုက်ပါပြီ၊ (၂၁)လုံးဆိုတော့ (၃)ရက်ကို တစ်နေ့ကို (၇)လုံးစီ လွှတ်သွားမှာပါ"ဟု မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်း(ကိုကြီး)က ပြောသည်။

တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံများ လွှတ်တင်ပွဲအား ရှမ်းရိုးမကွင်းအတွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ညလွှတ်မီးကျည်မီးပုံးပျံအား အခြားနေရာတွင် လွှတ်တင်ရန် စီစဉ်ထားရှိသည်။

နေ့လွှတ်အရုပ်မီးပုံများအတွက် တာချီလိတ်မှ လူမှုရေးအသင်းအဖွဲ့များ နှင့် ဟိုတယ် နှင့် စီးပွားရေးလုပ်ငန်းရှင်များက တစ်လုံးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စာရင်းပေးထားရာတွင် (၂၁)လုံးရှိပြီး ညပိုင်းလွှတ်တင်မည့် ညမီးကျည် မီးပုံးပျံအရေအတွက်မှာ ပွဲဖြစ်မြောက်ရေးအဖွဲ့မှ လွှတ်တင်မည့် ညမီးကျည်မီးပုံးပျံ (၁)လုံး နှင့် အခြားအဖွဲ့မှ ပါဝင်လွှတ်တင်မည့် ညမီးကျည် (၃)လုံး အပါအဝင် စုစုပေါင်း (၄)လုံးရှိကြောင်းနှင့် မီးပုံးပျံနှင့်အတူ အလှူအဒါန်းလည်း ပြုလုပ်နိုင်ရန် ပံ့သကူမီးပုံပျံလည်း စီစဉ်ထားရှိကြောင်း သိရသည်။

တာချီလိတ်တန်ဆောင်တိုင်ပွဲတော် နှင့် ပတ်သက်၍ဖြစ်စေ မီးပုံးပျံလွှတ်တင်လိုသူများဖြစ်စေ မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်း(ကိုကြီး)၏ ဖုန်း 09250777919 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခု နှစ်က စ၍ တာချီလိတ်တန်ဆောင်တိုင်ပွဲတော် ကျင်းပရန် တာချီလိတ်မှ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် လူငယ်များမှ စုပေါင်း၍ ပါဝင်ကြခြင်းဖြစ်ပြီး ပွဲတော်ဖွင့်ပွဲနေ့တွင် ထိုင်းနိုင်ငံမှ ဧည့်သည်များကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္တြင္ ေန႔လႊတ္အရုပ္မီးပံုးပ်ံ (၂၁)လံုးကို 
တစ္ရက္(၇)လံုးစီ လႊတ္တင္မည္ 

"ေန႔လႊတ္ အရုပ္မီးပံုးပ်ံ စာရင္းက အားလံုးေပါင္း (၂၁)လံုးရွိပါၿပီ၊ ေတာင္ႀကီးမွာကလည္း တန္ေဆာင္တိုင္ မီးပံုးပ်ံျပဳလုပ္တဲ့ ကာလဆိုေတာ့ ဒီအရုပ္မီးပံုးေတြ လွမ္းမွာရတာကလည္း မ်ားမ်ားစားစားမရဘူး။ အခုေတာ့ စာရင္းလည္း ပိတ္လိုက္ပါၿပီ၊ (၂၁)လံုးဆိုေတာ့ (၃)ရက္ကို တစ္ေန႔ကို (၇)လံုးစီ လႊတ္သြားမွာပါ"ဟု မီးပံုးပ်ံျဖစ္ေျမာက္ေရးအဖြဲ႔မွ ကိုေက်ာ္ေဇာ္လင္း(ကိုႀကီး)က ေျပာသည္။

တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္အား ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔မွ ႏို၀င္ဘာလ(၁၇)ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ေန႔လႊတ္အရုပ္မီးပံုးပ်ံမ်ား လႊတ္တင္ပြဲအား ရွမ္းရိုးမကြင္းအတြင္း၌ ျပဳလုပ္မည္ျဖစ္ၿပီး ညလႊတ္မီးက်ည္မီးပံုးပ်ံအား အျခားေနရာတြင္ လႊတ္တင္ရန္ စီစဥ္ထားရွိသည္။

ေန႔လႊတ္အရုပ္မီးပံုမ်ားအတြက္ တာခ်ီလိတ္မွ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ဟိုတယ္ ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားက တစ္လံုးလွ်င္ က်ပ္(၂)သိန္းႏႈန္းျဖင့္ စာရင္းေပးထားရာတြင္ (၂၁)လံုးရွိၿပီး ညပိုင္းလႊတ္တင္မည့္ ညမီးက်ည္ မီးပံုးပ်ံအေရအတြက္မွာ ပြဲျဖစ္ေျမာက္ေရးအဖြဲ႔မွ လႊတ္တင္မည့္ ညမီးက်ည္မီးပံုးပ်ံ (၁)လံုး ႏွင့္ အျခားအဖြဲ႔မွ ပါ၀င္လႊတ္တင္မည့္ ညမီးက်ည္ (၃)လံုး အပါအ၀င္ စုစုေပါင္း (၄)လံုးရွိေၾကာင္းႏွင့္ မီးပံုးပ်ံႏွင့္အတူ အလွဴအဒါန္းလည္း ျပဳလုပ္ႏိုင္ရန္ ပံ့သကူမီးပံုပ်ံလည္း စီစဥ္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္ ႏွင့္ ပတ္သက္၍ျဖစ္ေစ မီးပံုးပ်ံလႊတ္တင္လိုသူမ်ားျဖစ္ေစ မီးပံုးပ်ံျဖစ္ေျမာက္ေရးအဖြဲ႔မွ ကိုေက်ာ္ေဇာ္လင္း(ကိုႀကီး)၏ ဖုန္း 09250777919 သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ခရီးသြားလာမႈ ဖြံ႔ၿဖဳိးတိုးတက္ေရး ႏွင့္ ႏွစ္စဥ္က်င္းပျပဳလုပ္ႏိုင္ေရးအတြက္ ယခု ႏွစ္က စ၍ တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပရန္ တာခ်ီလိတ္မွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအပါအ၀င္ လူငယ္မ်ားမွ စုေပါင္း၍ ပါ၀င္ၾကျခင္းျဖစ္ၿပီး ပြဲေတာ္ဖြင့္ပြဲေန႔တြင္ ထိုင္းႏုိင္ငံမွ ဧည့္သည္မ်ားကိုလည္း ဖိတ္ၾကားသြားရန္ စီစဥ္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net