မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်အနီး တွင် အဆင့်(၃.၅)ရှိ ငလျင်တစ်ခု လှုပ်ခတ်သွား

မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်အနီး တွင် အဆင့်(၃.၅)ရှိ ငလျင်တစ်ခု လှုပ်ခတ်သွား
နိုဝင်ဘာ 13, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်အနီးတွင် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၉)နာရီ (၃၆)မိနစ် (၃၉)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး)(၃.၅)အဆင့်ရှိ အင်အားနည်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်ထားရှိသည်။

မြန်မာနိုင်ငံအတွင်း နိုဝင်ဘာလ(၁၂)ရက်နေ့က ရှမ်း - ကယားနယ်စပ်တွင် အင်အား ရစ်(ခ်)တာစကေး (၂.၃)အဆင့်ရှိ ငလျင်တစ်ခု နှင့် အင်အား ရစ်(ခ်)တာစကေး(၄.၃)အဆင့်ရှိ ငလျင်တစ်ခု ရန်ကုန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်အဆင့်များကို ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ရန်ကုန်တွင် လှုပ်ခတ်သည့် ငလျင်အဆင့်မှာ (၄.၁)ရှိကြောင်း မိုးဇလ ကထုတ်ပြန်ထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net