MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးအနက် ၃ ဦးကို သေဒဏ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ၂၀၂၄ခုနှစ် ဧပြီလ (၂၄)ရက်နေ့က MNDAA တပ်ဖွဲ့ဝင်များပါဝင်သည့် (၁၀)ဦးကို သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း MNDAAကထုတ်ပြန်ထားသည်။ 

အဆိုပါ(၁၀)ဦးအနက် (၃)ဦးကို  အများပြည်သူရှေ့တွင် သေဒဏ်စီရင်ခဲ့ပြီး (၇)ဦးကို‌ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း MNDAAကဖော်ပြထားသည်။

၎င်းတို့သည် ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှုနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ပြီး လူကုန်ကူးမှုများ ကျူးလွန်သဖြင့် သေဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သည့် MNDAA တပ်ဖွဲ့ဝင် (၁၀)ဦးထဲတွင် ကိုးကန့် ဒေါင်ရှန်းခရိုင်မှူး၊ ပြည်သူ့စစ်ခေါင်းဆောင်၊ တပ်ရင်းမှူး၊ လက်ထောက်တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များပါဝင်သည်။

၎င်းတို့သည်  မြန်မာ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံသား (၂၈)ဦးကို ဖမ်းဆီး၍ မြန်မာအပါအဝင် (၅)ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကာ ဖမ်းဆီးထားသူများကို ကျားဖြန့်လုပ်ငန်းများထံ ရောင်းစားရာမှ ယွမ်ငွေ (၂၁)သိန်းခွဲ ရရှိခဲ့သည်ဟု သိရှိရသည်။

#TachileikNewsAgency

Video : The Kokang