တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLAက ဖမ်းဆီးရရှိထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး  ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို TNLAက ဖမ်းဆီးရရှိထားကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းက တအာင်းပြည်သူလူထုကို တောင်းပန်ကြောင်းနှင့် စစ်ခေါင်းခေါင်းဆောင်များ စစ်ရာဇဝတ်မှုများ မကျူးလွန်ရန် မေတ္တာရပ်ခံသည်ဟု ဆိုသည်။  

အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ ဗျူဟာကုန်းကို TNLAတပ်များက သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News