ကရင်နီရှိ စစ်ကောင်စီစခန်းများကို Droneနှင့်တိုက်ခိုက်မှုရုပ်သံ Federal Wings ထုတ်ပြန်

ကရင်နီရှိစစ်ကောင်စီတပ်စခန်းများကို ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတနှင့် Federal Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ၂၀၂၄ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် Federal Wings အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ယခုနောက်ပိုင်းအသုံးပြုသည့် Droneများကို တိုက်ပွဲအတွေ့အကြုံနှင့် မြေပြင်လိုအပ်ချက်များအရ ပြုလွယ်ပြင်လွယ်မှုများကို ပေါင်းစပ်ပြီး လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်မည့် အနေအထားကို FW R&D အဖွဲ့များက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုထုတ်လုပ်ထားသည့် ကိုယ်ပိုင်ဒီဇိုင်းသစ်သည် တည်ဆောက်မှုပုံစံရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူသည့်အပြင်

ပါဝင်သည့် အစိတ်အပိုင်းများနည်းပါးသွားခြင်းကြောင့် ယခင်ကိုယ်ထည်များထက် ၂၅%ခန့် ပိုမိုပေါ့ပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများတွင် ကျောပိုးပြီးသယ်ဆောင်သွားနိုင်အောင် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

Federal Wings အနေဖြင့် နည်းပညာအားပြုပြီး မြေပြင်ရဲဘော်များ၏အသက်ကို အတတ်နိုင်ဆုံး ချွေတာနိုင်ရန်နှင့် ပြည်သူလူထုကို မထိခိုက်စေဘဲ ရန်သူကို တိတိကျကျ တိုက်ခိုက်နိုင်ရန် အစဉ်အမြဲ ကြိုးစားလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Video : Federal Wings