ထားဝယ်တွင် စစ်ကောင်စီကား ပစ်ခတ်ခံရကာ တိမ်းမှောက်ပြီး သေဆုံးသူရှိ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဇဟာကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ် (၃၀၂)တပ်ရင်းအနီးတွင် စစ်ကောင်စီယာဉ်တစ်စီး ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရကာ တိမ်းမှောက်သွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်းထိမှန်သွားပြီး ကားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကာ လက်နက်ဝင်ယူစဉ် စစ်ကောင်စီတပ်များ စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကျော်ကျော်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင်(၃)ဦးသေဆုံးပြီး (၂)ဦး ဆေးရုံတင်ထားရသည်ဟု Dawei Guerrilla Revolutionary Force-DGRFက ယနေ့ ဇူလိုင်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ အနီးရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား(၂)ဦးကိုလည်း ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video : Dawei Guerrilla Revolutionary Force - DGRF