မန္တလေးမြို့ရှိ Mingala Mandaly မဏ္ဍာပ် မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မန္တလေးမြို့ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်သည့် Mingalar Hotel နှင့် မန္တလေးစည်ပင်တို့ ပူးပေါင်းလုပ်ဆောင်သည့် Mingalar Mandalay မဏ္ဍာပ်အား AST-MDY နှင့် STF-MDY ရဲဘော်များမှ မိုင်းဖောက်ခွဲခဲ့ကြောင်းသိရသည် ။

Mingalar Mandalay မဏ္ဍာပ်သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ၁၀၅×၁၀၆ကြားတွင်တည်ရှိပြီး မန္တလေး ဗဟိုမဏ္ဍာပ်ထက်ပင် ခမ်းနားစွာ တည်ဆောက်ထားသည့် မဏ္ဍာပ်တစ်ခုဖြစ်သည်။

စစ်ကိုင်းမြို့ကျော်လျှင် စစ်မီးတောက်နေကာ မီးလောင်ပြင်ဖြစ်နေသည်ကို သိရှိသားနှင့် နိုင်ငံအနှံ့ပြည်သူများ စစ်ဘေးရှောင်နေရချိန်တွင် ကိုယ်ချင်းစာတရားထားပြီး အပျော်ရှာခြင်းများကို ဆင်ခြင်သင့်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပက်သက်ဆက်နွယ်နေသည့် မည်သည့်ပစ်မှတ်ကိုမဆို ဆက်လက်ပြီး အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AST-MDY အဖွဲ့က ဆိုထားသည်။

#TachileikNewsAgency

Video : အောင်စည်တော်(AST-MDY)