တပ်တွင်းဖရဲသီး သတင်းပေးမှုဖြင့် လွိုင်ကော် ခလရ ၅၄ တပ်ရင်း လက်နက်တိုက်ကို ဒရုန်းဖြင့်တိုက်ခိုက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ ခလရ(၅၄) တပ်ရင်းရှိ လက်နက်တိုက်ကို ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားကြောင်း လွိုင်ကော် PDFထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Loikaw PDFနှင့် Falcon Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံများ လွိုင်ကော်မြို့တွင်း သို့ ပြန်လည်ဝင်ရောက်ခြင်းမပြုကြသေးရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Video : Loikaw PDF