ဖရူဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အကြား တိုက်ပွဲကြောင့် ပြည်သူများ ပုန်းခိုနေရ

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အကြားတွင် ယနေ့ သြဂုတ်လ (၃)ရက်နေ့ နံနက် (၁၁)နာရီကျော် အချိန့်မှစ၍   နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ အနီးအနားရှိ ပြည်သူများက ပုန်းခိုနေရကြောင်း သိရသည်။ 

ဖရူဆို - ဘောလခဲမြို့နယ်အကြားရှိ ထားလဲကျေးရွာ နှင့် နန်းဖဲကျေးရွာကြား ကျွန်းပင်ကုန်းအနီးတွင် နံနက်  (၁၁)နာရီကျော် အချိန်ခန့်မှစ၍  ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

 

#TachileikNewsAency

VDO:CRD