စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့ရှိ ပတ္တမြားခန်းမ မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ပတ္တမြားခန်းမသို့ ကျရောက်ပေါက်ကွဲကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့တွင်း ရဲစခန်းနှင့် စာရေးတန်းရပ်ကွက်၊ ပတ္တမြားခန်းမဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်သောကြောင့် ပတ္တမြားခန်းမကို ထိမှန်မီးလောင်ခဲ့သည်ဟု TNLAဘက်ကဆိုသည်။

မီးလောင်မှုကြောင့် ညတွင်းချင်း TNLAရဲဘော်များနှင့် ပြည်သူတို့ ပူးပေါင်းဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်တွင် လူနေအိမ် (၃)လုံး ထိမှန်‌ မီးလောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : News & Information Department