ရခိုင်တွင် လက်နက်ချ စစ်ကောင်စီ၏ ဒုတပ်မမှုူးနှင့်တပ်ဖွဲ့၏ ရုပ်သံမှတ်တမ်းကို AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်စဉ်အတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ရုပ်သံမှတ်တမ်းကို AAက ၂၀၂၄ ခုနှစ် မေလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်နက်ချ စစ်ကောင်စီတပ်မှ ဒုတပ်မမှုးအပါအဝင် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များ၏ မေလ (၄)ရက်နေ့က မှတ်တမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ တပ်မဌာနချုပ်အား AAက မေလ (၂)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ကာ (၁၂)ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၁၄ ရင်းတွင် AA မှ (၅)ရင်းအထိ သိမ်းပိုက်ထားပြီး စစ်ရေးအရ အရေးပါသည့် စကခ ၁၅ တပ်မဌာနချုပ်ကို မေလ (၂) ရက်နေ့တွင် AAက ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စကခ (၉) ကျောက်တော် လက်အောက်ခံ တပ်ရင်းအားလုံးကို အပြီးသတ်သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA)က ၂၀၂၄ ခုနှစ် မတ်လမှ မေလ (၃)ရက်နေ့အထိ စကခ (၁၅)ဘူးသီးတောင် တပ်မဌာနချုပ် အပါအဝင် ၎င်းလက်အောက်ရှိ တပ်ရင်း (၄)ခုနှင့် စခန်းကုန်းအချို့အား သိမ်းပိုက်ထားခြင်းဖြစ်သည်။

#TachileikNewsAgency

Video : AA Info Desk