ဘီးလင်းမြို့နယ် ဒေါက်ရက်ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အား ပူးပေါင်းတပ်များ တိုက်ခိုက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရက်ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အား ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် KNLAနှင့်ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများရှိကာ ထိခိုက်သေဆုံးမှု အသေးစိတ်အား မသိရှိရသေးဟုလည်း ဆိုသည်။

သထုံ-ဘီးလင်း-ကျိုက်ထို မြို့နယ်အတွင်းနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တောကျီးကန်းစစ်ကြောင်းတို့ နေ့စဉ် ထိတွေ့မှုများ ရှိနေသဖြင့် ရန်ကုန်-မော်လမြိုင် ကားလမ်းအား အသုံးပြုကြသည့် ပြည်သူများအနေဖြင့် သတိနှင့်သွားလာကြရန်လည်း ထုတ်ပြန်ထားသည်။

ထို့အပြင် သက်ဆိုင်ရာ စစ်တိုင်းဒေသများ၏ ထုတ်ပြန်ချက်များအပေါ် လိုက်နာကြရန် သတိပေး နှိုးဆော်တိုက်တွန်းထားသေးသည်။

#TachileikNewsAgency

Video : တောကျီးကန်းစစ်ကြောင်း