ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဘေးဆောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပ.က.ဖ )က ယနေ့ စက်တင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

နေ့လယ်ပိုင်းတွင် ငါန်းဇွန်မြို့နယ် ဘေးဆောင်ရွာတွင် ယာယီတပ်စွဲနေသော စစ်ကောင်စီတပ်များကို ပထမအကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများပိုင် ထော်လာဂျီများကို ယူကာ ညောင်လေးပင်ရွာဘက်သို့ ရိက္ခာများတင်ပြီး ထွက်သွားခဲ့ကြောင်း သိရသည်။ 

၎င်းရွာထိပ်အရောက်တွင် ဒရုန်းဖြင့် စစ်ကောင်စီတပ်များ နားနေသည့်နေရာကို ဗုံးသီး(၃)လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပ.က.ဖ )၊ T.G.R People Defence Force မြောင်မြို့နယ် T.G.R၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ T.G.R Women Drone Force၊ Black Eagle Defence Force – MMU၊ Black Eagle Drone Force၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာ ပြောက် ကျားအဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Ngazun People's Defense Force