မြိုင်နှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ (၂)ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်နှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့တို့တွင် (၂)ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးသူများရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မှထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

ထို့အပြင် ဇွန်လ(၂၇)ရက်နေ့က ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ် (၄)စီးအား ကန်တော်နှင့် ကမ္မကြားတွင် မိုင်း(၄) လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ထို့နေ့ နံနက်ပိုင်းတွင်ပင် ပခုက္ကူမှထွက်လာသော စစ်ကောင်စီကားတစ်စီးကို တွင်းမပျူစောထီးစခန်းနှင့် သရက်ကန်ပျူစောထီးစခန်းကြားတွင် မိုင်းပွိုင့် (၄)ပွိုင့်(မိုင်းကြီး ၈ လုံး)ဖြင့်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ပျက်စီးသွားသည်ဟု ဆို သည်။

နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီကားနှစ်စီး ပခုက္ကူမှဆင်းလာရာ တွင်းမပျူစောထီးစခန်းနှင့် ကမ္မပျူစောထီးစခန်းကြားတွင် မိုင်းပွင့်(၂)ပွိုင့်ဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် တွင်းမပျူစောထီးစခန်းမှ လက်နက်ကြီးဖြင့် အနီးရှိကျေးရွာများကို ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့် မြိုင်-ကမ္မလမ်းပိုင်းကို မကူးသန်းကြရန် ထပ်မံသတိပေးထားကြောင်း သိရသည်။

တိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ (၂ -ဂဠုန်) ၊ တပ်ခွဲ (၄ - စက်ြာ) ၊ ကမ္မကာကွယ်ရေးတပ်ဖွဲ့ (KMDF) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊TYK ပြောက်ကျားတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့  ၊ အပြုံးမပျက်တဲ့ ကတုံးတပ်ဖွဲ့နှင့် BADASSESS BURMA FORCE တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ