လွိုင်ကော်မြို့ကို ဗုံးလာကြဲသည့် စစ်ကောင်စီ‌တိုက်လေယာဉ် ပစ်ခတ်ခံရကာ မီးခိုးထွက်ပြီး ပြန်ပြေးသွား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကို ဗုံးလာကြဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးအား ကရင်နီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ပစ်ခတ်ရာ ထိမှန်ပြီး ပြန်ပြေးသွားကြောင်း ကရင်နီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

အဆိုပါလေယာဉ်သည် ကျည်ထိမှန်သဖြင့် မီးခိုးထွက်ပြီး ပြန်ပြေးသွားရခြင်းဖြစ်ပြီး ပျက်ကျမှု ရှိ၊ မရှိကိုမူ မသိရသေးပါ။

နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက ပစ်ချခဲ့ရာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး လေထီးဖြင့်ခုန်ချ လွတ်မြာက်သွားခဲ့သည်။

#TachileikNewsAgency

ရုပ်သံကြည့်ရှုရန် : https://t.me/TachileikNewsAgency/44511