သင်္ကြန်ကာလအတွင်း လွယ်တော်ခမ်းချောင်းတွင် စားသောက်ဆိုင်ခန်းဖွင့်လှစ် ရောင်းချလိုသူများအား မတ်လ(၃)ရက်နေ့ တွေ့ဆုံမည်ဖြစ်၍ ဖွင့်လှစ်ရောင်းချလိုသူများ လာရောက်ရန် လိုအပ်

သင်္ကြန်ကာလအတွင်း လွယ်တော်ခမ်းချောင်းတွင် စားသောက်ဆိုင်ခန်းဖွင့်လှစ် ရောင်းချလိုသူများအား မတ်လ(၃)ရက်နေ့ တွေ့ဆုံမည်ဖြစ်၍ ဖွင့်လှစ်ရောင်းချလိုသူများ လာရောက်ရန် လိုအပ်
မတ် 1, 2020
By Tachileik News Agency
သင်္ကြန်ကာလအတွင်း လွယ်တော်ခမ်းချောင်းတွင် စားသောက်ဆိုင်ခန်းဖွင့်လှစ် ရောင်းချလိုသူများအား မတ်လ(၃)ရက်နေ့ တွေ့ဆုံမည်ဖြစ်၍ ဖွင့်လှစ်ရောင်းချလိုသူများ လာရောက်ရန် လိုအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပုန်းထွန်ချောင်းဟု အများခေါ်သည့် လွယ်တော်ခမ်းချောင်း၌ နှစ်စဉ် နွေရာသီကာလတွင် ဖွင့်လှစ်ပြုလုပ်လေ့ရှိသော သင်္ကြန်ပွဲအတွက် စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်လိုသူများအား ၂၀၂၀ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်အနီးရှိ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပရေးကော်မတီက တွေ့ဆုံမည်ဖြစ်၍ ဈေးဆိုင်ခန်း ဖွင့်လှစ်လိုသူများအနေဖြင့် လာရောက်ကြရန် လိုအပ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွက် လွယ်တော်ခမ်းချောင်းတွင် ချောင်းကျော်တံတားများနှင့် ဆိုင်ခန်းအချို့အား ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်က စတင်ကာ ဆောက်လုပ်နေပြီ ဖြစ်ပြီး လွယ်တော်ခမ်းချောင်းတွင် ဈေးရောင်းချမည့် လူသစ် လူဟောင်းများအနေဖြင့် မတ်လ(၃)ရက်နေ့တွင် မဖြစ်မနေ လာရောက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပရေးကော်မတီ နှင့် ဈေးရောင်းချလိုသူများ တွေ့ဆုံသည့်အချိန်၌ အစားအသောက် ဈေးနှုန်းများအား သတ်မှတ်ဈေးနှုန်းအတိုင်း တပြေးညီဖြစ်စေရေး အတွက်ပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုန်းထွန်ချောင်းဟု အများခေါ်သည့် လွယ်တော်ခမ်းချောင်းတွင် နှစ်စဉ်ဖွင့်လှစ်သည့် သင်္ကြန်ကာလအတွက် စားသောက်ဆိုင်ခန်းများ နှင့် ယာဉ်ရပ်နားရာ နေရာများမှ ရရှိသည့် အခွန်အခများအား ကုန်ကျမှုများကို ထုတ်ပယ်ပြီးနောက် ကျန်ရှိသည်များကို ကျေးရွာရန်ပုံငွေအဖြစ် သတ်မှတ်ဆောင်ရွက်ကြောင်း သိရသည်။

လွယ်တော်ခမ်းချောင်းရှိ စားသောက်ဆိုင်ခန်းများအား (၁၀)တန်းစာမေးပွဲ ဖြေဆိုပြီးသည့်နေ့မှ စ၍ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် နွေရာသီကာ သင်္ကြန်အတွင်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းအဖြစ် တာချီလိတ်မြို့ လွယ်တော်ခမ်းချောင်း နှင့် ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်း အပါအဝင် ၂၀၂၀ ခုနှစ်က စ၍ တရားဝင်ဖွင့်လှစ်ခွင့်ရရှိသည့် ဇွဲသာယာကမ်းခြေ အပါအဝင် နေရာ(၃)နေရာရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုခမ်းမိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~